အကြမ်းဖက်မှု ဆန့်ကျင်ရန် ကမ္ဘာ့မွတ်စလင်ခေါင်းဆောင်များကို ပုပ်ရဟန်းမင်းကြီး တိုက်တွန်း

ဓာတ်ပုံ - ရိုက်တာ
837
[caption id="attachment_72437" align="alignright" width="381"]
ဓာတ်ပုံ - ရိုက်တာ[/caption]
ရိုမန် ကတ်သလစ်ခရစ်ယာန် သာသနာပိုင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က အစွန်းရောက် အကြမ်းဖက်မှုကို တကမ္ဘာ့လုံးအတိုင်းအတာနဲ့ ဆန့်ကျင်ကန့်ကွက်ဖို့ ကမ္ဘာ့ မွတ်စလင် ခေါင်းဆောင်တွေကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၃၀ ရက်နေ့က တိုက်တွန်းလိုက်ပါတယ်။
တူရကီနိုင်ငံကနေ အပြန်ခရီးမှာ ပုပ်ရဟန်းမင်းကြီးက ပြောဆိုခဲ့တာပါ။ နိုဝင်ဘာ ၂၈ ရက်နေ့က တူရကီသမ္မတနဲ့ တွေ့ဆုံရာမှာလည်း အခုလို တိုက်တွန်းခဲ့တယ်လို့လည်း ပြောဆိုပါတယ်။
ပုပ်ရဟန်မင်းကြီးဟာ အိုင်အက်စ်အကြမ်းဖက်တွေကိုလည်း အကြိမ်ကြိမ် ပြစ်တင် ရှုတ်ချခဲ့ပြီး အစ္စလာမ်နဲ့ အကြမ်းဖက်ကို တခုထဲ သတ်မှတ်တာဟာ မှားယွင်းတယ်လို့ ပြောဆိုပါတယ်။
အကြမ်းဖက်မှုတွေကို အစ္စလာမ်လို့ ပြောရင် ကမ္ဘာ့ ဘယ်နေရာမှာ ဖြစ်ဖြစ်၊ လက်မခံကြတာဟာ ကိုရမ်ကျမ်းဟာ ငြိမ်းချမ်းရေးကျမ်းဖြစ်တယ်လို့ ပုပ်ရဟန်မင်းကြီးက ပြောဆိုခဲ့တာပါ။
ကမ္ဘာ့ငြိမ်းချမ်းရေး၊ အရှေ့အလယ်ပိုင်းက ခရစ်ယာန်ဘာသာဝင်တွေ အန္တရာယ် ကင်းဝေးရေးအတွက် အလယ်အလတ်မွတ်စလင်တွေနဲ့ ပုပ်ရဟန်းမင်းကြီး ပူးပေါင်း ကြိုးစားနေတာလည်း ဖြစ်ပါတယ်။
တူရကီနိုင်ငံရဲ့ အထွတ်အမြတ်ထားရာ မိုးပြာရောင်ဗလီမှာ အစ္စလာမ် ဘာသာရေးခေါင်းဆောင်နဲ့ ယှဉ်တွဲပြီး မက္ကာမြို့တော်ရှိရာနေရာကို ဦးတည်ပြီး ၀တ်ပြု ဆုတောင်းခဲ့ပါတယ်။
