A d v e r t i s e m e n t With Us

HIV-AIDS ဝေဒနာသည် တောင်အာဖရိကတွင် အများဆုံး ဖြစ်

ဓာတ်ပုံ - ရိုက်တာ
တောင်အာဖရိကနိုင်ငံက ဒါဗေတောင်မြို့နယ်ထဲမှာ အေအိုင်ဒီအက်စ် ပညာပေးဖို့ စည်းရုံး လှုပ်ရှားမှုတွေနဲ့ ကွန်ဒုံးဝေတဲ့ အစီအစဉ်တွေ ပြုလုပ်နေကြပါတယ်။ [caption id="attachment_72417" align="alignright" width="453"]ဓာတ်ပုံ - ရိုက်တာ ဓာတ်ပုံ - ရိုက်တာ[/caption] တောင်အာဖရိကမှာ ၂၀၁၃ ခုနှစ်က HIV-AIDS ဝေဒနာသည် ၆ ဒသမ ၄ သန်းရှိလို့ ကမ္ဘာနိုင်ငံတွေအလိုက်ဆိုရင်  အများဆုံး ဦးရေ ဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ်မှာ အစိုးရက အေအာဗွီဆေး ဖြန်ဝေတဲ့ အစီအစဉ်ကို ပြုလုပ်ခဲ့သလို့ အသက်ပေါင်းများစွာကို ကယ်တင်နိုင်ခဲ့ပါတယ်။ တောင်အာဖရိက အစိုးရရဲ့ အေအာဗွီဆေး ဖြန့်ဝေတဲ့အစီအစဉ်ဟာ ကမ္ဘာမှာ အကြီးအကျယ်ဆုံးလည်း ဖြစ်ပါတယ်။ ဒီနေ့ဆိုရင် ဒီအစီအစဉ်ဟာ  လူအသက် သန်းပေါင်းများစွာအတွက် အရေးကြီးနေတယ်လို့ စည်းရုံးလှုံ့ဆော်နေသူတွေက ဆိုကြပါတယ်။ တောင်အာဖရိကမှာ ၂၀၀၀ ပြည့်နှစ် အစောပိုင်းနှစ်တွေအထိ HIV-AIDS ပြသနာကို အစိုးရ ကိုယ်တိုင်က ပွင့်ပွင့်လင်းလင်း မရှိခဲ့ဘဲ ကုသရေး အစီအစဉ်တွေအတွက်လည်း စိတ်မပါလက်မပါ ရှိခဲ့တာပါ၊ အခုတော့ အေအာဗွီဆေးနဲ့ ကုသမပေးနေတဲ့ လူနာဦးရေ ၂ သန်းခွဲ ရှိတယ်လို့ တက်ကြွ လှုပ်ရှားသူတဦးဖြစ်တဲ့ မာ့ခ် ဟေးဝုဒ်က ပြောပါတယ်။ ဒါပေမယ့် ဒီနေ့အထိ ပညာရေးဖို့ ကိစ္စဟာ အများကြီး လိုအပ်နေသေးတယ်လို့ တက်ကြွလှုပ်ရှားသူတွေက ဆိုကြပါတယ်။ တောင်အာဖရိဟာ ကမ္ဘာမှာ HIV/AIDS လူနာသစ်တွေလည်း အလျင်အမြန်ဆုံး နှုန်းနဲ့ တိုးပွားနေတဲ့နိုင်ငံ ဖြစ်ပါတယ်။ အထူးသဖြင့် လူမည်း အမျိုးသမီးတွေဟာ အဆိုးရွားဆုံး ကူးစက်ခံရသူတွေ ဖြစ်ပြီး အသက် ၁၅ နှစ်နဲ့ ၄၉ နှစ်အကြာ အမျိုးသမီးတွေထဲက ၂၃ ဒသမ ၂ ရာခိုင်နှုန်းဟာ ရောဂါ ကူးစက်ခံနေရပါတယ်။ ၂၀၁၂ ခုနှစ်က လေ့လာမှုတခုအရ အမျိုးသား ၁၈ ဒသမ ၈ ရာခိုင်နှုန်းလည်း ကူးစက်ခံ နေရပါတယ်။ အစိုးရရဲ့  အေအာဗွီပရိုဂရမ်ဟာ အောင်မြင်ပေမယ့် ၂၀၁၂ ခုနှစ်စာရင်းအရ တောင်အာဖရိကလူဦးရေရဲ့ ၁၂ ဒသမ ၂ ရာခိုင်နှုန်ဟာ HIV ကူးစက်ခံထားရပါတယ်။ ၂၀၀၈ ခုနှစ်က လူဦးရေရဲ့ ၁၀ ဒသမ ၆ ရာခိုင်နှုန်းပဲ ရှိခဲ့လို့ အရေအတွက် တိုးသွားတဲ့ သဘော ဖြစ်ပါတယ်။ တချိန်တည်းမှာ HIV ကူးစက်မှုနဲ့ ပတ်သက်လို့ သိရှိနားလည်သူ ဦးရေဟာလည်း ၂၀၀၈ ခုနှစ်ထက် ကျဆင်းသွားတယ်တယ်ဆိုတာကို ပြသနေပါတယ်။ ဒါကြောင့် တောင်အာဖရိကအစိုးရဟာ နောက်ထပ် နှစ်နှစ်အတွင်း HIV  ဆေးဝါးအတွက် အမေရိကန်ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံ သုံးစွဲဖို့ ရည်ရွယ်ထားပါတယ်။ ဒီပမာဏဟာ နဂို ရှိပြီးသား ၂၀၁၄-၂၀၁၅ HIV  အတွက် ကျန်းမားရေ ဘက်ဂျက် ၁ဒသမ၄ ဘီလီယံအပေါ်မှာ ထပ်ပြီး ဖြည့်စွက်တာ ဖြစ်ပါတယ်။ တောင်အာဖရိကအစိုးရဟာ HIV လူနာတဦးချင်စီအတွက် ဆေးစရိတ်အဖြစ် ၅၀၇ ဒေါ်လာကို  အသုံးပြုနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up