Live
Home
မြန်မာသတင်း
ပညာရေးဥပဒေ ကန့်ကွက်ဆန္ဒပြ ကျောင်းသားခေါင်းဆောင် ၆ ဦးကို ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်
DVB
·
December 1, 2014
[caption id="attachment_72408" align="alignright" width="283"]နိုဝင်ဘာ ၂၉  ရက်နေ့က အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ဆန္ဒပြနေစဉ် နိုဝင်ဘာ ၂၉ ရက်နေ့က အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ဆန္ဒပြနေစဉ်[/caption] တောင်ငူမြို့မှာ အမျိုးသားပညာရေး ဥပေဒကို ကန့်ကွက်တဲ့အနေနဲ့ ဆန္ဒပြခဲ့တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ကျောင်းသားခေါင်းဆောင် ၆ ယောက်ကို ရဲက ပုဒ်မ ၁၈ နဲ့ အမှုဖွင့်လိုက်ပါတယ်။ နိုဝင်ဘာ ၂၉ ရက်နေ့က ဆန္ဒပြပွဲမှာ ကျောင်းသား ၁ ရာကျော် ပါဝင်ခဲ့ပြီး အဲဒီအထဲက ကိုမင်းသွေးသစ်၊ ကိုမြတ်သူ၊ ကိုအောင်ထက် စတဲ့ ၆ ယောက်ကို ခွင့်မပြုဘဲ စီတန်းလှည့်လည်လို့ တောင်ငူရဲစခန်းက အမှုဖွင့်လိုက်တာ ဖြစ်တယ်လို့ ကိုမင်းသွေးသစ်က ပြောဆိုထားပါတယ်။ ဗကသ ကျောင်းသားတွေအနေနဲ့ တရားရုံးချိန်ရင်လည်း သွားမှာ မဟုတ်ဘဲ အဖမ်းခံဖို့ ဆုံးဖြတ်ထားတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကစပြီး အမျိုးသားပညာရေး ဥပဒေကို ဆန့်ကျင် ကန့်ကွက်တဲ့ ကျောင်းသား ဆန္ဒပြတွေကို မန္တလေး၊ မုံရွာနဲ့ မြင်းခြံတို့မှာလည်း ပြုလုပ်ခဲ့ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024