နော်ဝေဘုရင်နှင့်မိဘုရား ချစ်ကြည်ရေးခရီးစဉ်အဖြစ် မြန်မာနိုင်ငံရောက်ရှိ
DVB
·
December 1, 2014
[caption id="attachment_72401" align="alignright" width="400"] ဓာတ်ပုံ - MOI[/caption]
နော်ဝေဘုရင် ဟာရာယ်နဲ့ မိဖုရား ဆွန်ယာတို့ဟာ ချစ်ကြည်ရေး ခရီးစဉ်အဖြစ် နိုဝင်ဘာလ ၃၀ ရက်နေ့ ညနေပိုင်းက မြန်မာနိုင်ငံ ရန်ကုန်မြို့ကို ရောက်ရှိလာပါတယ်။
သမ္မတ ဦးသိန်းစိန်ရဲ့ ဖိတ်ကြားချက်နဲ့ လာရောက်တာဖြစ်ပြီး နော်ဝေ ဘုရင်နဲ့အတူ အစိုးရ ၀န်ကြီးတွေ၊ စီးပွားရေး အဖွဲ့တွေ လိုက်ပါလာပါတယ်။
အခု ခရီးစဉ်ဟာ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှု တွေကို အားပေးထောက်ခံမှုကို ပေါ်လွင်စေဖို့နဲ့ နှစ်နိုင်ငံကြား ဆက်ဆံရေးနဲ့ စီးပွားရေး လုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ ဖြစ်တယ်လို့ နော်ဝေ နိုင်ငံဖက်က သတင်း ထုတ်ပြန်ထားပါတယ်။
နော်ဝေ ဘုရင်ဟာ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့လည်း သီးသန့် တွေ့ဆုံသွားမှာ ဖြစ်ပါတယ်။
အသက် ၇၇ နှစ်အရွယ် နော်ဝေ ဘုရင်ဟာ မြန်မာပြည်မှာ ဒီဇင်ဘာ ၅ ရက်နေ့အထိ နေထိုင်သွားမှာ ဖြစ်ပြီး လူထုအခြေပြု အဖွဲ့တွေ၊ စီပွားရေး လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံဖို့ ရှိနေပါတယ်။ နော်ဝေ နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို အစဉ်တစိုက် ကူညီ အားပေးခဲ့နိုင်ငံလည်း ဖြစ်ပါတယ်။