A d v e r t i s e m e n t With Us

တနင်္ဂနွေနေ့ ပရီးမီးယားလိဂ် ပွဲစဉ် ရလဒ်များ

barclays_premier_league_football-predictions_round_13တနင်္ဂနွေနေ့က ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ မန်ချက်စတာ စီးတီးနဲ့ တော့တင်ဟမ် ဟော့စပါးစ်တို့ အနိုင်ရသွားပါတယ်။ မန်စီးတီးက ဒီနှစ်ရာသီမှာ ခြေစွမ်းပြနေတဲ့ ဆောက် သမ်တန်ကို အဝေးကွင်းမှာ ၃ ဂိုးပြတ်နဲ့ အနိုင်ရခဲ့တာပါ။ စီးတီးရဲ့ အနိုင်ဂိုးတွေကို တိုရေး ၊လမ်းပတ်နဲ့ ကလစ်ချီတို့က သွင်းယူပါတယ်။ ဆောက်သမ်တန်ကတော့ ဒီနှစ်ရာသီအတွင်း အိမ်ကွင်းမှာ ပထမဆုံး ရှုံးပွဲတွေ့သွားတာပါ။ စီးတီးနည်းပြကတော့ ဆောက်သန်တန်ကို အနိုင်ရလို့ ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက်  ချဲလ်ဆီးကို စိန်ခေါ်နိုင်တော့မယ်လို့ ပြောဆိုထားပါတယ်။ စီးတီးဟာ ဒီပွဲနိုင်လိုက်လို့  ၂၇ မှတ်နဲ့ အမှတ်ပေးဇယားရဲ့အဆင့် ၂ နေရာကို တက်လှမ်းသွားပြီး ဇယားထိပ်က ချဲလ်ဆီးနဲ့ ၆မှတ် အကွာကို ရောက်ရှိသွားပါတယ်။ စပါးစ်ကတော့ အိမ်ကွင်းမှာ နောက်ကနေ လိုက်ကစားပြီးမှ အဲဗာတန်ကို ၂ ဂိုး ၁ဂိုးနဲ့ အနိုင်ရသွားပါတယ်။ စပါးစ်က ဒီပွဲနိုင်လိုက်လို့ အမှတ် ၂၀နဲ့ အဆင့် ၇ နေရာကို တက်လှမ်းသွားပြီး အဲဗာတန်က ၁၇ မှတ်နဲ့ အဆင့် ၁၀ကို လျောကျသွားပါတယ်။

A d v e r t i s e m e n t With Us

More News
Up