ထိုင်းနိုင်ငံက မျောက်သစ်သီးအလှူပွဲတော်

1K
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မြောက်ဘက် ၉၃ မိုင်အကွာက လော့ဘူရီခရိုင်မှာ မျောက်သစ်သီးအလှူပွဲကို ဒီနေ့ ကျင်းပခဲ့ပါတယ်။
၁၉၈၉ ခုနှစ်ကစပြီး နှစ်စဉ်ကျင်းပခဲ့တဲ့ အလှူပွဲဖြစ်ပြီး “မျောက်တွေဟာ လော့ဘူရီ ဒေသခံတွေကို ကံကောင်းစေတယ်။ ချမ်းသာကြွယ်ဝမှုကို ဆောင်ကြဉ်းပေးတယ်ဆိုပြီး ယုံကြည်ကြတာပါ။
ဒီအလှူပွဲကို စီစဉ်သူ၊ လော့ဘူရီမြို့နေ ဟိုတယ်လုပ်ငန်းရှင်တဦးက ဒီနှစ်မျောက်အလှူပွဲမှာ အမေရိကန်ဒေါ်လာ ၁၂၀၀၀ ကျော်လှူဒါန်းခဲ့ပြီး သစ်သီးတန်ချိန် ၂ တန်ခွဲ အလှူပေးခဲ့တယ်လို့ ပြောဆိုပါတယ်။
လော့ဘူရီ ပြည်နယ်ဟာ ၁၀ ရာစုက တည်ထားကိုးကွယ်တဲ့ ရှေးဟောင်းစေတီတွေရှိတဲ့ ရှေးဟောင်းသမိုင်းဝင်ဒေသလည်းဖြစ်ပါတယ်။
သစ်သီးအလှူစားပွဲ ၄ ပွဲနဲ့ မျောက်တွေကျွေးမွေးခဲ့တဲ့ အလှူပွဲဟာ ကမ္ဘာလှည့်ခရီးသည်တွေအတွက် စိတ်ဝင်စားဖွယ်လည်း ဖြစ်ခဲ့ပါတယ်။
