အာဖဂန်နစ္စတန်နိုင်ငံ ကဘူလ်းမြို့တော်မှာ တာလီဘန်အကြမ်းဖက်သမားတွေဟာ နိုင်ငံခြားသားဧည့်ဂေဟာတခုကို နိုဝင်ဘာ ၂၉ ရက်နေ့ညက စီးနင်းတိုက်ခိုက်ခဲ့ကြပါတယ်။
အသေခံ တာလီဘန်အကြမ်းဖက် ၃ ဦး ဧည့်ဂေဟာထဲဝင်ရောက်ခဲ့ပြီး အာဖဂန်အရပ်သား ၆ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးခဲ့ပါတယ်။

ဓားစာခံအားလုံးကို ကယ်တင်နိုင်ခဲ့ပေမယ့် အန်ဂျီအိုဝန်ထမ်း အာဖဂန် ၁ ဦးနဲ့ နိုင်ငံခြားသား ၁ ဦးတို့ သေဆုံးခဲ့ပါတယ်။
အကြမ်းဖက်သမားတွေအားလုံးကို သုတ်သင်နိုင်ဖို့ အချိန် ၃ နာရီကြာခဲ့ပါတယ်။
ရက်သတ္တ ၂ ပတ်အတွင်း ကဘူလ်းမြို့တော်မှာ တာလီဘန်တွေရဲ့ တိုက်ခိုက်မှု ၁၀ ကြိမ်ထက်မနည်းဖြစ်ခဲ့ပြီး အားလုံးလိုလိုဟာ နိုင်ငံခြားသားတွေအပေါ် ပစ်မှတ်ထားခဲ့တာပါ။
အာဖဂန်နစ္စတန်မှာ အခုနှစ်ကုန် တပ်စွဲခဲ့တဲ့ နိုင်ငံခြားတပ်တွေ အားလုံးနီးပါး ပြန်ရုပ်သိမ်းကြတော့မှာဖြစ်ပါတယ်။
နိုင်ငံခြားတပ်တွေ အာဖဂန်နစ္စတန်မှာ ဆယ်စုနှစ်ကျော် တပ်စွဲခဲ့ကြပေမယ့် တာလီဘန်အကြမ်းဖက်တွေရဲ့ အန္တရာယ်ကတော့ ကြီးမားနေဆဲဖြစ်ပါတယ်။