အာဖဂန်တွင် အသေခံအကြမ်းဖက်သမားများ ဧည့်ဂေဟာတခုကို စီးနင်း

အာဖဂန်နစ္စတန်နိုင်ငံ ကဘူလ်းမြို့တော်မှာ တာလီဘန်အကြမ်းဖက်သမားတွေဟာ နိုင်ငံခြားသားဧည့်ဂေဟာတခုကို နိုဝင်ဘာ ၂၉ ရက်နေ့ညက စီးနင်းတိုက်ခိုက်ခဲ့ကြပါတယ်။ အသေခံ တာလီဘန်အကြမ်းဖက် ၃ ဦး ဧည့်ဂေဟာထဲဝင်ရောက်ခဲ့ပြီး အာဖဂန်အရပ်သား ၆ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးခဲ့ပါတယ်။ 133822677_14173073335001nဓားစာခံအားလုံးကို ကယ်တင်နိုင်ခဲ့ပေမယ့် အန်ဂျီအိုဝန်ထမ်း အာဖဂန် ၁ ဦးနဲ့ နိုင်ငံခြားသား ၁ ဦးတို့ သေဆုံးခဲ့ပါတယ်။ အကြမ်းဖက်သမားတွေအားလုံးကို သုတ်သင်နိုင်ဖို့ အချိန် ၃ နာရီကြာခဲ့ပါတယ်။ ရက်သတ္တ ၂ ပတ်အတွင်း ကဘူလ်းမြို့တော်မှာ တာလီဘန်တွေရဲ့ တိုက်ခိုက်မှု ၁၀ ကြိမ်ထက်မနည်းဖြစ်ခဲ့ပြီး အားလုံးလိုလိုဟာ နိုင်ငံခြားသားတွေအပေါ် ပစ်မှတ်ထားခဲ့တာပါ။ အာဖဂန်နစ္စတန်မှာ အခုနှစ်ကုန် တပ်စွဲခဲ့တဲ့ နိုင်ငံခြားတပ်တွေ အားလုံးနီးပါး ပြန်ရုပ်သိမ်းကြတော့မှာဖြစ်ပါတယ်။ နိုင်ငံခြားတပ်တွေ အာဖဂန်နစ္စတန်မှာ ဆယ်စုနှစ်ကျော် တပ်စွဲခဲ့ကြပေမယ့် တာလီဘန်အကြမ်းဖက်တွေရဲ့ အန္တရာယ်ကတော့ ကြီးမားနေဆဲဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up