Live
Home
သုံးသပျခကျြ
၆ ပွင့်ဆိုင်ငြင်းသည့် သမ္မတနှင့် ကာချုပ်သဘောထားအပေါ် အမြင်များ
ရွှေအောင်
·
November 30, 2014
လွှတ်တော်ထဲ ၆ ပွင့်ဆိုင်ဆွေးနွေးဖို့ အတည်ပြုခဲ့ပြီးတဲ့နောက် ရက်ပိုင်းအတွင်းမှာပဲ သမ္မတဦးသိန်းစိန်နဲ့ ကာကွယ်ရေးဦးစီးချုပ်တို့က ရှေဆင့်နောက်ဆင့်ဆိုသလို ငြင်းဆိုခဲ့ကြပါတယ်။ ဒီအပေါ် နိုင်ငံရေးပါတီတွေနဲ့ လူမှုအဖွဲ့အစည်းတွေက ခေါင်းဆောင်တချို့ရဲ့ အမြင်တွေကို မေးမြန်းထားပါတယ်။ ဦးဝင်းမြင့် (အန်အယ်ဒီပါတီ ဗဟိုအလုပ်အမှုဆောင်) [caption id="attachment_38291" align="alignleft" width="195"]ဦးဝင်းမြင့် ဦးဝင်းမြင့်[/caption] “တချို့က ပြောကြတယ်ဗျာ။ ၆ ပွင့်ဆိုင်က ပုဂ္ဂိုလ်ရေးဆန်တယ်ပေါ့။ ၁၄ ဦး တွေ့တာက အဖွဲ့အစည်းဆန်တယ်ပေါ့ ပြောကြတယ်။ တကယ်တော့ အဲ့ဒီ ၁၄ ဦးတွေ့တာကမှ ပုဂ္ဂိုလ်ရေးဆန်တာဗျ၊၊ဘာလို့ဆိုတော့ အဖွဲ့အစည်းအနေနဲ့ ဖိတ်တာမဟုတ်ဘူး။ By name အနေနဲ့ နာမည်တပ်ဖိတ်တာ။ အဖွဲ့အစည်းအနေနဲ့ဖိတ်ပြီး အဖွဲ့အစည်းတွေက ရွေးလိုက်တဲ့ ပုဂ္ဂိုလ်တွေ မဟုတ်ဘူး။ အခုဟာက အဖွဲ့အစည်းဆန်တာဗျ။ ပုဂ္ဂိုလ်ရေးဆန်တာ မဟုတ်ဘူး။ အဖွဲ့အစည်းဆန်တယ်ဆိုတာက လွှတ်တော်နှစ်ခုလုံးကိုယ်စားပြုတဲ့ ဥက္ကဋ္ဌတွေပါတယ်ဗျာ။ တပ်မတော်တခုလုံး ကိုယ်စားပြုတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပါတယ်ဗျာ။ အစိုးရတဖွဲ့လုံးကိုယ်စားပြုတဲ့ သမ္မတဗျာ။ ကျနော်တို့ အတိုက်အခံပါတီအနေနဲ့လည်း ပြောလို့ရတဲ့ ဒီမိုကရေစီအင်အားစုအနေနဲ့လည်း ပြောလို့ရတဲ့ ကျနော်တို့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ပါတယ်ဗျာ။ တိုင်းရင်းသားတွေဘက်ကလဲ တိုင်းရင်းသားတွေ ကိုယ်စားပြုတဲ့ သူတို့ လျှို့ဝှက်မဲနဲ့ရွေးတဲ့ ဒေါက်တာအေးမောင်ဗျာ။ ဒါကမှ အဖွဲ့အစည်းကို ကိုယ်စားပြုတာဗျ။ ပြည်တွင်းငြိမ်းချမ်းရေး တကယ်ရချင်တယ်၊ ဒီမိုကရေစီကူးပြောင်းရေးကို တကယ်ချောမွေ့စွာ ကူးပြောင်းချင်တယ်၊ ဖွဲ့စည်းပံပြင်ဆင်ရေးကို တကယ်ချောမွေ့စေချင်တယ်၊ အမျိုးသားပြန်လည်သင့်မြတ်ရေးကိုလည်း တကယ်လိုလားတယ်ဆိုရင်တော့ တွေ့ဆုံတယ်ဆိုတာက မတွေ့ဆုံတာထက်စာရင်တော့ ဘယ်လိုပဲ ဖြစ်ဖြစ် အကျိုးရှိတာပဲလေ။ ဒါကို မတွေမဆုံ မဆွေးနွေးချင်ဘူးဆိုတာ ဘယ်လိုသဘောထားလဲဆိုတာ ကျနော် နားမလည်ဘူး။” ဦးခင်မောင်ဆွေ (ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် – အက်ဖ်ဒီအေ) [caption id="attachment_49226" align="alignright" width="187"]ဦးခင်မောင်ဆွေ ဦးခင်မောင်ဆွေ[/caption] ‘“သမ္မတနဲ့ နိုင်ငံရေးပါတီတွေ နိုဝင်ဘာ ၂၆ တွေ့တုန်းက တိုင်းရင်းသားပါတီတွေက ပြောတယ်။ ဗမာ၊ ကရင်၊ ကချင်၊ ရှမ်း စသဖြင့် တမျိုးချင်းစီက ကိုယ်စားလှယ်တယောက်စီ ပါမှပဲ သင့်တင့်လျောက်ပတ်မယ်လို့ ပြောကြတယ်။ နောက်ပြီး ထိပ်သီးဆိုတဲ့ကိစ္စကလည်း ဘယ်လိုဖြစ်နေလဲဆိုတော့ သမ္မတကတော့ နိုင်ငံ့အကြီးအကဲဆိုတော့ သူခေါ်ရင်တော့ ထိပ်သီးဆွေးနွေးပွဲဖြစ်မှာပေါ့ဗျာ။ ဒါပေမယ့် ၁၄ ဦးတုန်းက ကျနော်ပါသွားတယ်။ ကျနော့်ကို ထိပ်သီးလို့ ဘယ်လို ပြောလို့ရမလဲ။ ကျနော့်ကို ထိပ်သီးဆိုပြီးတော့ ရွေးထားတာမှ မရှိဘဲ။ ထိပ်သီးရောဂါတွေ ဖြစ်နေကြတယ်ဗျ၊။ ထိပ်သီးလုပ်ချင်ပြီး အစည်းအဝေးတက်ချင်နေတဲ့သူတွေ ပါနေတော့ကာ အဲ့ဒီမှာတင် အလုအယက်တွေ၊ မပြေလည်တာတွေ၊ နိုင်ငံရေးလောကမှာ ဖြစ်နေကြတယ်။ မြန်မာ့နိုင်ငံရေးမှာရှိနေတဲ့ မူလပြဿ နာကို ဆွပေးလိုက်သလို ဖြစ်နေတာပေါ့ဗျာ။ နောက် ၆ ပွင့်ဆိုင် ဆွေးနွေးလို့ကော နိုင်ငံရေးပြဿ  နာ ပြေလည်မလားဆိုတော့ ကျနော့်အမြင်တော့ မပြေလည်ဘူးဗျ။ ဘာလို့ဆိုတော့ ဒေါ်စုနဲ့ ဦးရွှေမန်းက တဘက်၊ စုမန်း တဘက်နဲ့ သိန်းမင်းတဘက် ဖြစ်နေတယ်။ ဦးသိန်းစိန်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တဘက် ဖြစ်နေတော့ကာ ၆ ပွင့်ပဲဆိုင်ဆိုင် ဘယ်နှပွင့်ပဲဆိုင်ဆိုင် ဒီလေးဦးကြားထဲမှာ စည်း ခြားနေတာ တွေ့နေရတယ်လေ။ ကောင်းတာက ထိပ်သီးလည်း မလုပ်နဲ့ လေးဦးလည်း မလုပ်နဲ့ ဆယ့်လေးဦးလဲ မလုပ်နဲ့ အရေးကြီးတာက သမ္မတရယ်၊ ကာချုပ်ရယ်၊ လွှတ်တော်နှစ်ရပ်က ဥက္ကဋ္ဌ နှစ်ယောက်ရယ်၊ ဒေါ်စုရယ် သူတို့ သဘောတွေ ကြားထဲမှာ အရင်ညှိနှိုင်းပြီးတော့မှ ဘာကို ဆွေးနွေးကြမှာလဲ၊ ဘယ်အချက်ကိုဆွေးနွေးမှာလဲ ဆွေးနွေးလို့ရှိရင် ဘယ်လောက်အထိ အဖြေရနိုင်မလဲ၊ ဘယ်လောက်အထိ အလျှော့အတင်းလုပ်နိုင်ကြမလဲ ဆိုတဲ့ ကြားအမြင်တခုကို အရင်ဆုံးရှာဖို့လိုတယ်ဗျ။ ပြီးတော့မှ ထိပ်သီးတို့၊ ဘာသီးတို့၊ ညာသီးတို့ ပြောတာ ကောင်းမယ်ထင်ပါတယ်။ လေးပွင့်ငြင်းလို့ လွှတ်တော်ကနေ ၆ ပွင့်တောင်းပြီး အတင်းကို ကျုံးသွင်းပြီး ပြောခိုင်းသလိုဖြစ်နေတော့ မလှပဘူးပေါ့။” ဦးဂျင်မီ (၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း) [caption id="attachment_28936" align="alignleft" width="171"]ဦးဂျင်မီ ဦးဂျင်မီ[/caption] “ကျနော်တို့ တောင်းဆို တာတော့ လေးပွင့်ဆိုင်ပေါ့ဗျာ။ လေးပွင့်ဆိုင် ဆိုရာမှာ ကိုယ်စားပြုမှုလည်း ရှိတယ်၊ အငြင်းပွားမှုလည်း အနည်းဆုံးဖြစ်တဲ့ ပုဂ္ဂိုလ်လေးယောက်ကနေ တွေ့ဆုံဆွေးနွေးပွဲကို စတာပေါ့၊ အဲ့ဒါကို တောင်းဆိုတာ။ အခုက တခါ ၆ ပွင့်ဆိုတာ ကြည့်လိုက်တော့ တိုးလာတဲ့ နှစ်ပွင့်ကလည်း ကိုယ်စားပြုမှုရှိပြီး အငြင်းပွားမှုလည်း နည်းတယ်။ ၆ ပွင့်ကလည်း စလို့ရတယ်လို့ ကျနော်တို့ သဘောတူထားပြီးသားဗျ။ ပြောချင်တာက နိုင်ငံရေးပြဿ နာတွေရှင်းဖို့ တွေ့ဆုံဆွေးနွေးမှု အစပဲလေဗျာ။ ဒီအစမှာတော့ ကိုယ်စားပြုမှု ကျစ်ကျစ်လျစ်လျစ်နဲ့ စရမှာပဲဗျ။ နောက်တော့မှ လိုအပ်သလို စားပွဲဝိုင်း ချဲ့သွားပေါ့ဗျာ။ နောက် ပိုပြီး အားကောင်းတာက ပြည်ထောင်စုလွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြုထားတဲ့ ဆုံးဖြတ်ချက် ဖြစ်နေတယ်ဗျ။  ဖြစ်နေတော့ ဒါကို သမ္မတရော၊ ကာကွယ်ရေးဦးစီးချုပ်ရော လေးစားလိုက်နာသင့်တယ်ဗျ။ နောက်တခုက ၆ ပွင့်ဆိုင်ဆွေးနွေးပွဲဆိုတာ ထွက်လာတော့ ပြည်တွင်းပြည်ပ ကန့်ကွက်သူ မရှိသလောက်ဖြစ်တယ်။ အဲ့ဒီတော့ ၆ ပွင့်ဆိုင်ဆွေးနွေးပွဲက စရမယ်။ လုပ်ကိုလုပ်သင့်တယ်လို့ မြင်တယ်။” ဦးရဲထွန်း (သီပေါမြို့နယ် လွှတ်တော်ကိုယ်စားလှယ်) [caption id="attachment_64425" align="alignright" width="209"]ဦးရဲထွန်း ဦးရဲထွန်း[/caption] “ဒေါ်အောင်ဆန်းစုကြည်က လေးပွင့်ဆိုင်တောင်းတယ်။ လွှတ်တော်က ၆ ပွင့်ဆိုင်လုပ်ဖို့ တိုက်တွန်းတယ်။ ဒီအပေါ်မှာ သမ္မတတို့၊ ကာချုပ်တို့ စဉ်းစားချက်က ဖွဲ့စည်းပုံပြင်ဖို့ အချိန် စောလွန်းနေသေးတယ်။ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့တွေနဲ့ ဆွေးနွေးပွဲတွေလည်း မပြီးသေးဘူးဆိုပြီး သူတို့က institution တွေအပေါ် တည်ပြီး လုပ်ချင်တယ်။ institution ပေါ်တည်တယ်ဆိုတာကဗျာ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ဆန္ဒကိုပါယူချင်တာပေါ့ ဗျာ။ အဲ့ဒီအဓိပ္ပာယ်ပါပဲ။ နှစ်ဘက်က ဒီအခြေခံကွဲလွဲချက်တွေကို သူတို့ချင်း မညှိဘဲနဲ့ ကိုယ်ဖြစ်ချင်တာကို ဇွတ်အတင်း ဖိအားပေးတဲ့သဘောမျိုး သက်ရောက်နေတဲ့အခါကျတော့ သမ္မတနဲ့ကာချုပ်တို့က ဒါကို မတွေ့နိုင်ဘူးလို့ ငြင်းလိုက်တဲ့ သဘောပါ။ လွှတ်တော်အနေနဲ့ကတော့ တိုက်တွန်းတာဖြစ်တဲ့အတွက်ကြောင့် သမ္မတက မလုပ်နိုင်ဘူး၊ မလုပ်ချင်ဘူးလို့ သူ့ ယုံကြည်ချက်နဲ့သူ လုပ်တဲ့ကိစ္စဖြစ်တာမို့ လွှတ်တော်က စွပ်စွဲပြစ်တင်တာတို့၊ ဘာတို့ လုပ်လိမ့်မယ်တော့ မထင်ဘူး။ ဒါဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းချက် တရပ်ရပ်ကို ချိုးဖောက်တာလည်း မဟုတ်ဘူး။ တကယ်လို့ လွှတ်တော်က စွပ်စွဲပြစ်တင်လည်း လွှတ်တော်ထဲ လုံလောက်တဲ့ မဲရလိမ့်မယ်လို့ မထင်ဘူး။ စွပ်စွဲပြစ်တင်မှု ထမြောက်အောင်မြင်အောင် ဇွတ်အတင်းလုပ်ကြမယ်ဆိုရင်လည်း တပ်မတော်က အာဏာပြန်သိမ်းနိုင်တဲ့ အန္တရာယ်ရှိတယ်လို့ ကျနော်ယူဆတယ်။ ဒါကြောင့်မို့လို့ လွှတ်တော်ထဲ စွပ်စွဲပြစ်တင်တဲ့အထိ သွားလိမ့်မယ်လို့ ကျနော် မထင်ဘူး။” ဒေါ်ခွန်ဂျာ(ကချင်ငြိမ်းချမ်းရေးကွန်ရက်) [caption id="attachment_69205" align="alignleft" width="191"]Daw Khon Jar ဒေါ်ခွန်ဂျာ[/caption] “အမြန်ဆုံး တွေ့ဆုံဆွေးနွေးမှုတခုကတော့ လုပ်ဆောင်မှပဲရမယ်။ အခုလို တင်းမာပြီး မတွေ့မတွေ့ဆိုရင်တော့ နာတာက ပြည်သူလူထုပဲ နာတာရှင့်။ ဒါပေမယ့် ၆ ပွင့်ဆိုင်လို့ ပြောပြီးမှ ဥပမာ နိုင်ငံတော်အစိုးရ ကိုယ်စားလှယ်၊ ပြီးတော့ ဒီမိုကရေစီတပ်ဖွဲ့ပေါင်းစုံအတွက် ကိုယ်စားလှယ်၊ နောက် တိုင်းရင်းသားများရဲ့ ကိုယ်စားလှယ်၊ နောက် အရပ်ဘက်အဖွဲ့အစည်းများရဲ့ ကိုယ်စားလှယ်၊ အဲ့ဒီလို လူတန်းစားမျိုးစုံကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တွေ ပါဝင်မယ်ဆိုရင်တော့ ပိုပြီး ကောင်းမွန်မယ်လို့ ယူဆပါတယ်။ ဘာလို့ဆို အခုလို လူပုဂ္ဂိုလ်ပေါ်မူတည်ပြီး တွေ့ဆုံတယ်ဆိုလို့ရှိရင် တကယ်လို့များ သူတို့ မရှိတဲ့အခါမှာ သူတို့တွေရဲ့ ဆုံးဖြတ်ချက်ကို ဘယ်သူတွေက အကောင်အထည်ဖော်မှာလဲဆိုတာ ပြဿ  နာ ရှိပါတယ်။”

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024