A d v e r t i s e m e n t With Us

ဘောလုံးအကျော်အမော် ဒေးဗစ်ဘက်ခမ်း ကားတိုက်မှုဖြစ်

ဒေးဗစ်ဘက်ခမ်းနှင့်သားဖြစ်သူ
အရင် ဗြိတိန်ဘောလုံးအကျော်အမော် ဒေးဗစ်ဘက်ခမ်း (David Beckham) နဲ့ သားအကြီးဆုံးဖြစ်သူ Brooklyn တို့ မနေ့က လန်ဒန်မြို့မှာ ကားတိုက်မှုဖြစ်ပွားခဲ့ပါတယ်။ [caption id="attachment_72375" align="aligncenter" width="503"]ဒေးဗစ်ဘက်ခမ်းနှင့်သားဖြစ်သူ ဒေးဗစ်ဘက်ခမ်းနှင့်သားဖြစ်သူ[/caption] အာဆင်နယ်ဘောလုံးအသင်း လေ့ကျင့်ကွင်းအပြင်ဘက်မှာ တခြားကားတစီးနဲ့ တိုက်ခဲ့ပြီး ဘက်ခမ်းရဲ့ Audi ကား ရှေ့ပိုင်းအနည်းငယ်ပျက်စီးခဲ့ပါတယ်။ ဘက်ခမ်းတို့ သားအဖနှစ်ယောက်လုံးရော၊ တဖက်ကားထဲက လူ ၂ ဦးရော ထိခိုက်မှုမရှိဘူးလို့ ဘက်ခမ်းနဲ့ နီးစပ်တဲ့သတင်းတွေက ဆိုပါတယ်။ ကားအသက်ကယ်လေအိတ်တွေကြောင့် သူတို့တွေ ထိခိုက်မှုမရှိခဲ့တာလို့လည်း ဆိုပါတယ်။ ဒေးဗစ်ဘက်ခမ်းဟာ အသက် ၃၉ နှစ်ရှိပြီဖြစ်ပြီး အသက် ၁၅ နှစ်အရွယ် သားကတော့ အသက် ၁၆ နှစ်အောက် အာဆင်နယ်လူငယ်အသင်းမှာ ကစားနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up