Home
မြန်မာသတင်း
လူထုဒေါ်အမာ ၉၉ နှစ်မြောက် မွေးနေ့အထိမ်းအမှတ် ကျင်းပ
DVB
·
November 30, 2014
လူထုဒေါ်အမာ ၉၉ နှစ်မြောက် မွေးနေ့အထိမ်းမှတ်အခမ်းနားကို အမရပူရမြို့နယ် တောင်သမန်အင်းအနီးမှာရှိတဲ့ တောင်လေးလုံးကျောင်းတိုက်မှာ နိုဝင်ဘာ ၂၉ ရက်နေ့ မနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ပါတယ်။ အခမ်းနားကို မန္တလေးမြို့က စာပေပညာရှင်ကြီးများနဲ့ လူထုဒေါ်အမာကို ချစ်မြတ်နိုးကြတဲ့ စာပေပညာရှင်တွေ၊ စာဖတ်ပရိသတ်တွေ၊ အမေမာကို ချစ်ခင်မြတ်နိုးကြသူတွေ တက်ရောက်ခဲ့ကြပါတယ်။ အခမ်းအနားမှာ လူထုမောင်သစ်လွင်၊ ဦးကိုလေး အင်းဝဂုဏ်ရည် နဲ့ မန္တလေးမြို့က စာပေပညာရှင်တွေက လူထုဒေါ်အမာကို အောက်မေ့သတိရ အမှတ်တရစကားများ ပြောကြားခဲ့ကြပြီး လူငယ်ကဗျာဆရာမတွေကလည်း ကဗျာတွေကို ရွတ်ဆိုခဲ့ကြပါတယ်။ နောက်နှစ်မှာ နှစ် ၁၀၀ ပြည့်အထိမ်းမှတ်အခမ်းနားတွေကို ခမ်းခမ်းနားနား ကျင်းပသွားမယ်လို့သိရပါတယ်။ လူထုဒေါ်အမဟာ ၂၀၀၈ ခုနှစ် ဧပြီလ ၇ ရက်နေ့ က မန္တလေးမြို့နေအိမ်မှာ နှလုံးရောဂါနဲ့  ကွယ်လွန်ခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024