ဖာဂူဆန်ပဋိပက္ခ အဓိကပစ်မှတ် လူဖြူရဲအရာရှိ ရာထူးက နုတ်ထွက်ပြီ

မိုက်ကယ်ဘရောင်း (သေဆုံး) နှင့် ရဲအရာရှိ ဒါရန် ၀ီလဆင်
1K
အမေရိကန် ပြည်ထောင်စု ဖာဂူဆန်မြို့မှာ ပေါ်ပေါက်နေတဲ့ အုံကြွမှုတွေရဲ့ အဓိက ပစ်မှတ်ဖြစ်တဲ့ လူဖြူရဲအရာရှိ ဒါရန် ၀ီလဆင်ဟာ တာဝန်ကနေ နုတ်ထွက်သွားပြီလို့ သတင်းတွေက ဆိုပါတယ်။
သြဂုတ်လ ၉ ရက်နေ့က အသက် ၁၈ နှစ်အရွယ် လူမည်းဆယ်ကျော်သက် မိုက်ကယ်ဘရောင်းကို သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့ လူဖြူအရာရှိကို အရေးယူပေးဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေကြောင့် ဖာဂူဆန်နယ်မြေမှာ ရက်သတ္တပေါင်းများစွာ မငြိမ်မသက်ဖြစ်နေတာပါ။
[caption id="attachment_72365" align="aligncenter" width="503"]
မိုက်ကယ်ဘရောင်း (သေဆုံး) နှင့် ရဲအရာရှိ ဒါရန် ၀ီလဆင်[/caption]
ဒါရန်ဝီလဆင် တာဝန်ကနေ နုတ်ထွက်သွားတဲ့သတင်းကို သူ့ရှေ့နေကို ကိုးကားပြီး မီဒီယာတွေက ရေးသားဖော်ပြကြပါတယ်။ ဒါပေမယ့် ၀ီလဆင်ရဲ့အမှုကို ကိုင်တွယ်တဲ့ အစိုးရရှေ့နေတွေကတော့ လောလောဆယ် မှတ်ချက်မပေးသေးပါဘူး။
မိုက်ကယ်ဘရောင်း သေဆုံးမှုဟာ အမေရိကန်မှာ တပြည်လုံးအတိုင်းအတာနဲ့ လူမျိုးရေး ကိစ္စကို ဆွေးနွေးငြင်းခုန်စရာ ပြန်ဖြစ်ခဲ့ပါတယ်။
ရဲအရာရှိက လက်နက်မပါတဲ့ အရပ်သားကို သေနတ်နဲ့ပစ်သတ်တဲ့အမှုဟာ ရာဇ၀တ်မှု မြောက်၊ မမြောက် ဆိုတာကို ဖာဂူဆန်နယ်မြေ ဂျူရီလူကြီးအဖွဲ့က စုံစမ်းခဲ့ပြီး တရားစွဲဆိုဖို့အတွက် ခိုင်လုံတဲ့ အကြောင်းအချက် မတွေ့ရဘူးလို့ နိုဝင်ဘာလ ၂၄ ရက်နေ့က ကြေညာခဲ့ပါတယ်။
ရဲဘက်က အဆိုအရ သေနတ်နဲ့ အပစ်မခံရခင်မှာ မိုက်ကယ် ဘရောင်းဟာ ရဲအရာရှိ ၀ီလဆင်ကို လုံးထွေးတယ်လို့ ဆိုပါတယ်။
ဒါပေမ့ယ် တချို့ မျက်မြင်တွေကတော့ ဘရောင်းဟာ လက်မြှောက်ပြီး အဖမ်းခံနေချိန်မှာ ခေါင်းနဲ့ ရပ်ဘတ်မှာ သေနတ်အချက်ပေါင်းများစွာ အပစ်ခံလိုက်ရတယ်လို့ ဆိုပါတယ်။
ဂျူရီ လူကြီးအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်သူတွေနဲ့ ရဲတွေ ထိပ်တိုက်တွေ့နေချိန်မှာ အဓိကတာဝန်ရှိသူ ရဲအရာရှိ ၀ီလဆင် နုတ်ထွက်သွားတယ်ဆိုတဲ့ သတင်းထွက်ပေါ်လာတာဖြစ်ပါတယ်။