Home
သတင်းဓာတ်ပုံ
ကေအန်ယူနှင့် ဗိုလ်ချုပ်မှူးကြီး တွေ့ဆုံ (ဓာတ်ပုံ)
DVB
·
November 30, 2014
ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ဥက္ကဋ္ဌ စောမူတူးဆေးဖိုး ခေါင်းဆောင်တဲ့အဖွဲ့နဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ နေပြည်တော်က ဘုရင့်နောင်ရိပ်သာမှာ နိုဝင်ဘာ ၂၉ ရက်နေ့က တွေ့ဆုံခဲ့တယ်လို့ စစ်တပ်ပိုင် မြ၀တီသတင်းဌာနက သတင်းထုတ်ပြန်ထားပါတယ်။ နှစ်ဖက်တွေ့ဆုံ ဆွေးနွေးမှုအတွင်း တပ်မတော်နဲ့ ကေအန်ယူ အဖွဲ့အကြား အပစ်အခတ် ရပ်စဲရေး ဆောင်ရွက်မှုတွေအပေါ် အားရကျေနပ်မှု ရှိကြောင်းနဲ့ တပ်မတော်ရဲ့ ငြိမ်းချမ်းရေးမူ (၆) ချက်နှင့် ပတ်သက်ပြီး တိတိကျကျ လိုက်နာဖို့ထက်  အလေးထား ဆောင်ရွက်စေ လိုတယ်လို့ သတင်းကဆိုပါတယ်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ပြင်ဆင်သင့်တဲ့ အချက်တွေ ဥပဒေနဲ့အညီ ပြင်ဆင်ဖို့၊ တပ်မတော်နဲ့ ကေအန်ယူတို့ကြားမှာ  ငြိမ်းချမ်းရေး ရတဲ့ထိ ကြိုးစား ဆောင်ရွက်ဖို့ နှစ်ဖက် သဘောတူခဲ့တယ်လို့ ရေးသားထားပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက အစိုးရစစ်တပ်က  ကေအိုင်အေ ဌာနချုပ် လိုင်ဇာ ဗိုလ်သင်တန်းကျောင်း ပစ်ခတ်ခဲ့လို့  တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့  အပစ်အခတ် ရပ်စဲရေး ဆက်လက် ဆွေးနွေးဖို့ နှောင့်နှေးမှုတွေ ဖြစ်ပေါ်နေချိန်မှာ ကေအန်ယူရဲ့ နေပြည်တော် ခရီးစဉ် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ဓာတ်ပုံ - Senior General Min Aung Hlaing Facebook [gallery ids="72340,72341,72342,72343"]
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024