မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ ချဲလ်ဆီး သရေကျပြီး မန်ယူ၊ အာစင်နယ်နဲ့ လီဗာပူးတို့ အနိုင်ရသွားပါတယ်။
ချဲလ်ဆီးက အဝေးကွင်းမှာ ထိုးဖောက် ကန်သွင်းခွင့်နဲ့ ဘောလုံးပိုင်ဆိုင်မှု ဂိုးကံခေပြီး ဆန်းဒါးလန်းနဲ့ သရေတမှတ်စီ ခွဲယူလိုက်ရတာ ဖြစ်ပါတယ်။
ဒီပွဲသရေကျပေမယ့် ချဲလ်ဆီးကပဲ အမှတ်ပေးဇယားကို ၃၃ မှတ်နဲ့ ဆက်လက် ဦးဆောင်နေပါတယ်။

မန်ယူကတော့ အိမ်ကွင်းမှာ ဟားစီးတီးကို ၃ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။ အနိုင်ဂိုးတွေကို စမောလင်း၊ ရွန်နီနဲ့ ဗန်ပါစီတို့ သွင်းယူပါတယ်။ ဒီပွဲမှာ ဂိုးမသွင်းနိုင်တာ ကြာလို့ ဝေဖန်ခံရနေရတဲ့ တိုက်စစ်မှူး ဗန်ပါစီ တဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
မန်ယူအသင်းဟာ ဒီပွဲမှာ တပွဲလုံးကို ထိန်းချုပ်ကစားခဲ့ကာ ဘောလုံး ပိုင်ဆိုင်မှု ၇၇ ရာခိုင်နှုန်းအထိရှိပြီး ဟားစီးတီးကတော့ ၂၃ ရာခိုင်နှုန်းသာ ရှိပါတယ်။
နိုင်ပွဲဆက်တဲ့ မန်ယူဟာ ၂၂ မှတ်နဲ့ အမှတ်ပေးဇယားရဲ့ အဆင့် ၄ နေရာမှာ ရပ်တည်နေပါတယ်။ အာစင်နယ်ကတော့ တိုက်စစ်မှူး ၀ဲဘက်ရဲ့ တလုံးတည်းသော ခေါင်းတိုက်သွင်းဂိုးနဲ့ အဝေးကွင်းမှာ အနိုင်ရခဲ့ပါတယ်။ အာစင်နယ်အတွက် နောက်ဆုံး ကစားခဲ့တဲ့ ၃ ပွဲစလုံးမှာ ရှုံးပြီး အခုပွဲကျမှ နိုင်ပွဲ ပြန်ရတာ ဖြစ်ပါတယ်။
ဒီပွဲနိုင်လို့ အာစင်နယ်ဟာ အမှတ် ၂၀ နဲ့ အဆင့် ၆ နေရာကို တက်လှမ်းသွားပါတယ်။ လီဗာပူးအသင်းလည်း နောက်ခံလူ ဂျွန်ဆင်ရဲ့ နောက်ကျသွင်းဂိုးတဂိုးနဲ့ စတုတ်စီးတီးကို အနိုင်ရခဲ့တာ ဖြစ်ပါတယ်။