A d v e r t i s e m e n t With Us

ဆူဇူကီးဆီမီးဖိုင်နယ်တွင် ထိုင်း-ဖိလစ်ပိုင်နှင့် ဗီယက်နမ်-မလေးရှားတို့ ယှဉ်ပြိုင်မည်

နိုဝင်ဘာ ၂၉  ရက်နေ့က ယှဉ်ပြိုင်သွားတဲ့ ဆူဇူကီး ဖလားဘောလုံးပြိုင်ပွဲ အုပ်စု (ခ) နောက်ဆုံးပွဲစဉ်တွေမှာ ထိုင်းအသင်းက မြန်မာကို ၂ ဂိုးဂိုးမရှိ၊ မလေးရှားက စင်ကာပူကို ၃ ဂိုး ၁ ဂိုးနဲ့ အသီးသီး အနိုင်ရပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်သွားပါတယ်။ 291114cမြန်မာအသင်းဟာ ထိုင်းနဲ့  အုပ်စုနောက်ဆုံး ပွဲစဉ်မှာ ကစားသမားတချို့ အပြောင်းအလဲ လုပ်ခဲ့ပြီး ပွဲချိန် တော်တော် များများကို ဖိအားပေး ကစားနိုင်ခဲ့ပေမယ့် အပိုင် ဂိုးသွင်းတွေကို အသုံးမချနိုင်တဲ့ အတွက် ရှုံးနိမ့်ခဲ့ရတာ လို့ ဘောလုံး အဖွဲ့ချုပ်က သတင်းထုတ်ပြန်ထားပါတယ်။ တဖက် အုပ်စု (က) မှာတော့ ဗီယက်နမ်က အုပ်စု ဗိုလ်၊  ဖိလစ်ပိုင်က အုပ်စုဒုတိယနဲ့ ဆီမီးဖိုင်နယ်ကို တက်ရောက်သွားပါတယ်။  ဆီမီးဖိုင်နယ်မှာ ထိုင်းနဲ့ ဖိလစ်ပိုင်၊  ဗီယက်နမ်နဲ့ မလေးရှားတို့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up