မြိတ်မြို့ အဝေးပြေးကားဝင်းအတွင်းရှိ ကေတီဗွီဆိုင်ခန်း မီးလောင် (ဓာတ်ပုံ)
DVB
·
November 29, 2014
တနင်္သာရီတိုင်း မြိတ်မြို့ အဝေးပြေးကားဝင်းအတွင်း ကေတီဗွီဆိုင်ခန်းတွေမှာ နိုဝင်ဘာ ၂၈ ရက်ညက မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ မြိတ်မြို့ ဒေသခံတဦးက ပြောပါတယ်။
အဝေးပြေးကားဝင်းအတွင်းရှိ ကေတီဗွီဆိုင်ခန်း အမှတ် ၅၈ ကနေ ည ၇ နာလောက်က စတင်လောင်ကျွမ်းတာဖြစ်ပြီး ကေတီဗွီ အခန်း ၅၇ နဲ့ ၅၉ ကိုလည်း ကူးစက်ခဲ့တယ်လို့ ဆိုပါတယ်။
မြိတ်မြို့က မီးသတ်ကားတွေ အချိန်မီ မီးငြိမ်းနိုင်ခဲ့တဲ့အတွက် ၇ နာရီ မိနစ် ၄၀ လောက်မှာ မီးငြိမ်းသွားတယ်လို့ ဒေသခံက ပြောပါတယ်။ မီးလောင်မှုဖြစ်ပွားတဲ့အချိန်မှာ ဆိုင်ရှင်တွေ မရှိကြဘဲ ထိခိုက်ဒဏ်ရာရသူလည်း မရှိဘူးလို့ ဆိုပါတယ်။ မီးလောင်းရတဲ့ အကြောင်းရင်းနဲ့ ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို မသိရှိရသေးပေ။
မီးလောင်းမှုဖြစ်ပွားခဲ့တဲ့ ကေတီဗွီအခန်းတွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းတွေက ရဲက ၀င်ဖမ်းလို့ ရပ်နားထားကြောင်းလည်း ကားဝင်းအတွင်း နေသူတွေက ပြောပါတယ်။
ဓာတ်ပုံ - မြတ်ထွဋ် (မြိတ်)
[gallery ids="72289,72290,72291,72292"]