နိုင်ငံခြားသား အယောက် ၅၀၀ ကို တရားမ၀င်ငါးဖမ်းမှုဖြင့် အင်ဒိုနီးရှားရဲ ထိန်းသိမ်း

အင်ဒိုနီးရှား လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ အကြီးအကဲက နိုင်ငံခြားသား အယောက် ၅၀၀ ကို တရားမ၀င် ငါးဖမ်းမှုနဲ့ စစ်ဆေး ထိန်းသိမ်းထားတယ်လို့ မနေ့က ပြောပါတယ်။ ငါးခိုးဖမ်းသူတွေကြောင့် အင်ဒိုနီးရှားဟာ ဒေါ်လာ ဘီလီယံနဲ့ချီ နစ်နာနေတဲ့အတွက် ငါးခိုးဖမ်းသူတွေ နှိမ်နင်းတဲ့ စီမံချက်ကို ဒီလအစောပိုင်းက စတင်ခဲ့တာပါ။ penangkapanအစိုးရရဲ့ ခန့်မှန်းချက်အရ တရားမ၀င် ငါးဖမ်းသူတွေကြောင့် နှစ်စဉ် အမေရိကန် ဒေါ်လာ ၂၅ ဘီလီယံ နစ်နာတယ်လို့ ဆိုပါတယ်။ အရှေ့ ကာလီမန်တန် ပြည်နယ်မှာ ဖမ်းဆီးစစ်ဆေးနေတဲ့ လူ ၅၄၄ ယောက်ဟာ မလေးရှားနဲ့ ဖိလစ်ပိုင်မှာ နေထိုင်သူတွေ ဖြစ်တယ်လို့ လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် မာဇာ အစ်ကန်ဒါက ပြောပါတယ်။ အင်ဒိုနီးရှားမှာ သမ္မတသစ် ဂျိုကိုဝီဒိုဒို တက်လာတဲ့နောက်ပိုင်း  ရေပိုင်နက်ကို ထိန်းချုပ်နိုင်ဖို့ ကြပ်ကြပ်မတ်မတ်ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒီကိစ္စကို အရင်က သေးသေးမွှားမွှားလို သဘောထားခဲ့ပြီး အလွယ်တကူ ဖြေရှင်းနိုင်မယ်လို့ ယူဆခဲ့ပေမယ့် ဒီအတိုင်းဆက်ထားရင် ပြဿ    နာက ကြီးထွားလာနိုင်တဲ့အတွက် စည်းကမ်းတကျနဲ့ ဖြေရှင်းနိုင်ဖို့ ကြိုးစားနေတယ်လို့လည်း လ၀က ညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။ ဒီပြဿ   နာကို ဖြေရှင်းဖို့အတွက် မလေးရှားနဲ့ ဖိလစ်ပိုင်တို့လို အိမ်နီးချင်းနိုင်ငံတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်နေတယ်လို့လည် ပြောပါတယ်။ ဒါ့အပြင် ကြီးမားကျယ်ပြန့်တဲ့ ကျွန်းစုတွေနဲ့ ဖွဲ့စည်းထားတဲ့ အင်ဒိုနီးရှာဟာ လှေစီးပြေး ခိုလှုံရာ ရှာသူတွေအတွက်လည်း ၀င်ပေါက်တခုလို ဖြစ်နေပါတယ်။ လှေစီးပြေးဒုက္ခသည်တွေဟာ အင်ဒိုနီးရှားကတဆင့် သြစတြေးလျကို သွားဖို့ ကြိုးစားလေ့ ရှိပါတယ်။ ဒါပေမယ့် အရင်တပတ်ကတော့ သြစတြေးလျက ဆုံးဖြတ်ချက်အသစ် ချလိုက်ပြီး အင်ဒိုနီးရှားမှာ အရှေ့အလယ်ပိုင်းက လာတဲ့ ဒုက္ခသည် ထောင်ပေါင်းများစွာ သောင်တင်နေဖို့ ရှိပါတယ်။ နိုဝင်ဘာ ၁၉ ရက်နေ့မှာ သြစတြေးလျအစိုးရက အင်ဒိုနီးရှားမြေပေါ်မှာ ယူအန်အိပ်ခ်ျစီအာက စာရင်းသွင်း ပေးထာတဲ့ ဒုက္ခသည်တွေထဲက ဇူလိုင်လ ၁ ရက်နေ့ နောက်ပိုင်းမှ စာရင်းပေါက်သူတွေအားလုံးကို သြစတြေလျးမှာ အခြေချ နေထိုင်ခွင့်မပြုတော့ဘူးလို့ ကြေညာခဲ့ပါတယ်။ ယူအန်အိပ်ခ်ျစီအာရဲ့ စာရင်းအရ ဧပြီလအထိ အင်ဒိုနီးရှားမှာ ဒုက္ခသည် ၁ သိန်း ၆ ရာကျာ်ရှိနေပြီး အပတ်စဉ် လူ ၁၀၀ ၀န်းကျင်ဟာ ဂျာကာတာက ယူအန်အိပ်ခ်ျစီအာရုံးမှာ စာရင်းသွင်းနေကြတယ်လို့ ဆိုပါတယ်။ အခုတော့ သြစတြေးလျက လူဝင်မှုကြီးကြပ်ရေး ဥပဒေသစ်ကို ပြဋ္ဌာန်းလိုက်ပြီဖြစ်လို့ အင်ဒိုနီးရှားကလည်း ၀င်ပေါက်တွေကို အလေးထားစောင့်ကြည့်သွားမှာဖြစ်သလို၊ ရောက်နှင့်နေပြီးသား လူတွေကိုလည်း နေရပ်ပြန်အောင် စည်းရုံးဖို့ နည်းလမ်းရှာသွားမယ်လို့ လ၀က ညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up