A d v e r t i s e m e n t With Us

ဂျပန်နိုင်ငံ အေဆိုမီးတောင် ချော်ရည်ထွက်ကျ၊ လေယာဉ်ခရီးစဉ်များ ဖျက်သိမ်း

ဂျပန် နိုင်ငံတောင်ပိုင်း ကူမာမိုတို ပြည်နယ်မှာရှိတဲ့  အေဆို မီးတောင်ဟာ မနေ့ကစပြီး ပြာတွေကို မှုတ်ထုတ်နေလို့ လေယာဉ်ခရီးစဉ်တွေကို ဖျက်သိမ်းထားရပါတယ်။ imagesပြာပူနဲ့ ချော်ရည်တွေ ထွက်နေပြီဖြစ်လို့ ဂျပန် ပြည်ထဲရေးဝန်ကြီးဌာနကလည်း လုံခြုံဘေးကင်းရေးအတွက် သတိပေးချက်ထုတ်ပြန်ထားပါတယ်။ ကျွမ်းကျင်သူတွေက ပေါက်ကွဲမှုအဆင့် ကြီးမားလာဖို့ မမျှော်လင့်ပေမယ့် မီးတောင်အနီးက ကူမာမိုတိုမြို့ မှာတော့ လေ ယာဉ်လိုင်းတွေ တော်တော်များများကို ဖျက်သိမ်းထားပါတယ်။ စက်တင်ဘာလနှောင်းပိုင်းတုန်းက တိုကျိုမြို့ အနောက်ပိုင်း ၁၂၅ မိုင်အကွာက အွန်တာကီ မီးတောင် ပေါက်ကွဲခဲ့ပြီး ကြိုတင်သတိပေးချက် ထုတ်ပြန်ခဲ့ခြင်းမရှိလို့ လူအနည်းဆုံး ၄၇ ဦး သေဆုံးခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up