ဆူဇူကီးဖလား အုပ်စုဘီပွဲစဉ်အဖြစ် မြန်မာနဲ့ ထိုင်းအသင်းတို့ ရှာလန် ဘီဆာ ကွင်းမှာ ဒီနေ့ ကစားကြဖို့ ရှိပါတယ်။
ထိုင်းအသင်းဟာ နှစ်ပွဲကစား ၆ မှတ်နဲ့ အုပ်စုကို ဦးဆောင်နေပြီး မြန်မာအသင်းကတော့ ၁ မှတ်နဲ့ အုပ်စု အောက်ဆုံးအသင်းဖြစ်နေပါတယ်။

ထိုင်းအသင်း လက်ထောက် နည်းပြက ထိုင်းအသင်းဟာ ဆီမီးဖိုင်နယ်အ ဆင့်ကို အောင်နေ ပြီ ဖြစ်ပေမယ့် နောက်တပွဲ ထပ်နိုင်ချင်သေး တယ်လို့ ပြောပါတယ်။
မြန်မာအသင်းဟာ အသင်းကောင်းဖြစ်ပေမယ့် ကစားခဲ့တဲ့ နှစ်ပွဲစလုံးမှာ ကံဆိုးလို့ ရှုံးခဲ့တာ ဖြစ်လို့ ဒီနေ့ ထိုင်းနဲ့ပွဲဟာ ကြည့်ကောင်းတဲ့ ပွဲဖြစ်မယ်လို့ ပြောပါတယ်။
ထိုင်းအသင်းနဲ့ပွဲမှာ မြန်မာအသင်းက အနည်းဆုံး လေးဂိုးသွင်းနိုင်ဖို့ လိုသလို၊ စင်ကာပူနဲ့ မလေးရှားရလဒ်က အခွင့်အရေးပေးမှသာ ဆီမီးဖိုင်နယ် အဆင့်ကို တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။
မြန်မာအသင်း နည်းပြ အေဘရာမိုဗစ်က ထိုင်းနဲ့ပွဲအတွက် မြန်မာအသင်းရဲ့ ခံစစ်ကို ပြုပြင်သွုားမယ်လို့ စင်ကာပူမှာ မနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
စင်ကာပူနဲ့ပွဲမှာ ခံစစ်ပိုင်းအားနည်းချက်ကြောင့် လွယ်လွယ်ကူကူ ဂိုးတွေပေးခဲ့ရတဲ့အတွက် ဒီနေ့ ထိုင်းနဲ့ပွဲမှာ ခံစစ်ကို ပြု ပြင်ရမယ်လို့ ပြောပါတယ်။