A d v e r t i s e m e n t With Us

ကင်ဂျုံအန်းလုပ်ကြံမှုရုပ်ရှင် ယုတ်မာသည့် ရန်စမှုဟု မြောက်ကိုရီးယား တုံ့ပြန်

မြောက်ကိုရီုးယားခေါင်းဆောင် ကင်ဂျုံအန်းကို လုပ်ကြံသတ်ဖြတ်တဲ့အကြောင်း ရိုက်ကူးထားတဲ့ အငြင်းပွားဖွယ်ရာ ဟာသရုပ်ရှင်ဇာတ်ကား ရှေ့လကုန်မှာ နိုင်ငံပေါင်း ၆၃ နိုင်ငံက ရုပ်ရှင်ရုံတွေမှာ ရုံတင် ပြသတော့မှာ ဖြစ်ပါတယ်။ The_Interview_2014_posterတွေ့ဆုံမေးမြန်းခန်း "The Interview" လို့ အမည်ပေးထားတဲ့ ဒီဇာတ်ကားကို ဒီဇင်ဘာလ ၂၅ ရက်နေ့မှာ အမေရိကန်နဲ့ ကနေဒါနိုင်ငံတွေမှာ စတင်ပြသ မှာဖြစ်ပြီး နောက်နှစ်ဆန်းပိုင်းမှာ ဥရောပ၊ အရှေ့အလယ်ပိုင်း၊ အာဖရိကနဲ့ တခြားနိုင်ငံတွေမှာ ရုံတင်ပြသမယ်လို့ ကိုရီးယား ယွန်ဟပ်သတင်းမှာ ဖော်ပြပါတယ်။ ဇာတ်လမ်းထဲမှာ အမေရိကန်ဂျာနယ်လစ် တယောက်ဟာ ကင်ဂျုံအန်းနဲ့ တွေ့ ဆုံမေးမြန်းဖို့ ပြုံယမ်း ကို ရောက်လာခဲ့ တာဖြစ်ပေမယ့် နောက်ပိုင်းမှာ  အမေရိကန် ထောက်လှမ်းရေး စီအိုင်အေက မြောက်ကို ရီးယားခေါင်းဆောင်ကို သတ်ပေးဖို့  စေခိုင်းခဲ့တဲ့အကြောင်း ဇာတ်လမ်း ဇာတ်ကွက်ဆင် ရိုက်ကူးထားတာပါ။ မြောက်ကိုရီး ယား နိုင်ငံခြားရေးဌာနကတော့  ဒီရုပ်ရှင်ဟာ ဗြောင်ကျကျ အကြမ်းဖက်မှုဖြစ်တယ်ဆိုပြီး ခါးခါးသီးသီး ဝေဖန် ရှုတ်ချလိုက်ပြီး သက်ညှာခွင့်လွှတ်မှာမဟုတ်ဘဲ  ပြင်းပြင်းထန်ထန် ပြန်လည်အရေးယူတုံ့ပြန်သွားမယ်လို့ သတိပေးလိုက်ပါတယ်။ ဒါဟာ မြောက်ကိုရီးယားနိုင်ငံအပေါ်မှာ ယုတ်မာရန်စတဲ့ လုပ်ရပ်ဖြစ်ပြီး ပြည်သူတွေအပေါ်မှာ သည်းမခံနိုင်စရာ စော်ကားမှုဖြစ်တယ်လို့လည်း ပြောပါတယ်။ ဒီရုပ်ရှင်ကို ဒါရိုက်တာ အီဗန်ဂိုးလ်ဘာဂ် ရိုက်ကူးထားတာဖြစ်ပြီး မင်းသား ဂျိမ်းစ်ဖရန်ကိုနဲ့ ဒါရိုက်တာ သရုပ်ဆောင် ဆသ်ရော်ဂင်တို့ ပါဝင်သရုပ်ဆောင်ထားကြတာပါ။

A d v e r t i s e m e n t With Us

More News
Up