A d v e r t i s e m e n t With Us

ကိုပါကြီးအမှု အရပ်ဘက်တရားရုံးတွင် စစ်ဆေးပေးရန် ဇနီးဖြစ်သူ တောင်းဆို

ကိုပါကြီးအသတ်ခံရမှုနဲ့ ပတ်သက်ပြီး အရပ်ဘက်တရားရုံးမှာ လွှဲပြောင်းစစ်ဆေးပေးဖို့ သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်နဲ့ လွှတ်တော်ကို ဇနီးဖြစ်သူ ဒေါ်သန္တာက စာပေးပို့လိုက်ပါတယ်။ [caption id="attachment_70149" align="alignright" width="282"]Ko Par Gyi06112014 ကိုပါကြီး[/caption] ကိုပါကြီးခေါ် ကိုအောင်ကျော်နိုင် အသတ်ခံရတဲ့ ကိစ္စနဲ့ပတ် သက်ပြီး ပြည်ထောင်စု တရားစီရင်ရေးဥပဒေပါ အခွင့်အာဏာ အရ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ဒါမှမဟုတ် မွန်ပြည်နယ်တရားလွှတ်တော်၊ ဒါမှမဟုတ် မော်လမြိုင်ခရိုင်တရားတို့မှာ အမှုကို စစ်ဆေးနိုင်ဖို့ တရားဥပဒေအရ ကူညီဆောင်ရွက်ခွင့်ပြုပေးဖို့အတွက်  သမ္မတ ကာကွယ်ရေးဦးစီးချုပ်နဲ့ လွှတ်တော်ကို ဇနီးဖြစ်သူက နိုဝင်ဘာလ ၂၈ ရက်နေ့က စာပေးပို့လိုက်ပါတယ်။ ကိုပါကြီးကို ဖမ်းဆီးရမိတဲ့နေရာဟာ ရှေ့တန်းစစ်မျက်နှာမဟုတ်ပဲ စည်ပင်သာယာနယ်နိမိတ်အတွင်း ဖြစ်တာကြောင့် တပ်မတော်ရဲ့ နည်းဥပဒေမှာ လူသတ်မှုနဲ့ မုဒိမ်းမှုတွေကို အရပ်ဘက်တရားရုံးမှာ စစ်ရမယ်လို့ပါရှိတဲ့အတွက် အခုလိုတောင်းဆိုရတာလို့  ဆိုပါတယ်။ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်က  ကိုပါကြီးရဲ့ မှတ်ပုံတင် မြန်မာနိုင်ငံ သတင်းစာဆရာအသင်းမှာ အသင်းဝင်ထားခြင်းရှိမရှိ၊ ကိုပါကြီး ရေးသားခဲ့တဲ့သတင်းဆောင်းပါးနဲ့ ဓာတ်ပုံတွေရှိရင် တင်ပြပေးဖို့ မေးမြန်းထားတာတွေဟာ အဆင့်သင့်ဖြစ်နေပြီဖြစ်တဲ့အတွက် နိုဝင်ဘာ ၂၉ ရက်နေ့မှာ တင်ပြသွားမယ်လို့ သိရပါတယ်။ အလွတ်သတင်းထောက် ကိုပါကြီးဟာ ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းက မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်မှာ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (ဒီကေဘီအေ) နဲ့ အစိုးရစစ်တပ် တိုက်ပွဲသတင်းလိုက်ပြီးအပြန် စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် အသတ်ခံခဲ့ရတာပါ။

A d v e r t i s e m e n t With Us

More News
Up