A d v e r t i s e m e n t With Us

အသရေပျက်စေမှုဥပဒေ ဆက်သုံးမည်ဟု မလေးရှားဝန်ကြီးချုပ်ပြော

မလေးရှားဝန်ကြီးချုပ်
၂၀၁၂ ရွေးကောက်ပွဲတုန်းက အသရေပျက်စေမှုဥပဒေကို ဖျက်သိမ်းပေးပါမယ်လို့ ဆိုခဲ့တဲ့ မလေးရှားဝန်ကြီးချုပ် နာဂျစ် ရာဇတ်က အသရေပျက်စေမှုဥပဒေကို ဆက်လက် ကျင့်သုံးသွားမယ်လို့ ပြောဆိုပါတယ်။ [caption id="attachment_72225" align="alignright" width="300"]မလေးရှားဝန်ကြီးချုပ် မလေးရှားဝန်ကြီးချုပ်[/caption] နိုဝင်ဘာ ၂၇ ရက်နေ့က ကျင်းပခဲ့တဲ့ အာဏာရ မလေးအမျိုးသားပါတီကြီးရဲ့ ညီလာခံမှာ ၀န်ကြီးချုပ် နာဂျစ်က အခုလို ပြောဆိုလိုက်တာပါ။ ဒီ ၁၉၄၈ အသရေပျက်စေမှုဥပဒေဟာ ကိုလိုနီခေတ်ဥပဒေ၊ နိုင်ငံရေးအတိုက်အခံတွေကို တဖက်သတ်နှိပ်ကွပ်ဖို့အတွက် ဥပဒေ၊ လွတ်လပ်စွာ ပြောဆိုခွင့်ကို ကန့်သတ်တဲ့ဥပဒေဆိုပြီး ဆန့်ကျင်ကန့်ကွက်ပြောဆိုမှုတွေ ရှိနေတာပါ။ ဒီဥပဒေကို ဆက်ထားမှာတင်မကပဲ အစ္စလာမ်ဘာသာကို ကာကွယ်ဖို့ ပိုပြီး ထိရောက်ကောင်းမွန်အောင် မွမ်းမံသွားမယ်။ အစ္စလာမ်ဘာသာကို ကာကွယ်ဖို့ ဖြစ်ပေမယ့်လည်း တခြားဘာသာတွေကိုလည်း ထိခိုက်စော်ကားခွင့်တော့ မရှိဘူးလို့လည်း နာဂျစ်က ပြောဆိုပါတယ်။ ဒီနှစ်ထဲမှာပဲ အတိုက်အခံခေါင်းဆောင် အန်ဝါ အီဘရာဟင်အပါအ၀င် နိုင်ငံရေး အတိုက်အခံတွေဟာ ဒီအသရေဖျက်စေမှု ဥပဒေနဲ့ ဖမ်းဆီးအရေးယူခံရမှုတွေ ရှိခဲ့ပါတယ်။ ဒီဥပဒေနဲ့ ဖမ်းဆီးအရေးယူခံရမှု ၁၀ မှုကျော်မှာ ဆူလ်တန်စော်ဘွားတွေနဲ့ အစိုးရ ခေါင်းဆောင်တွေကို ဝေဖန်လို့ ဖမ်းဆီးခံရတာ အနည်းဆုံး ၅ မှု ရှိခဲ့ပါတယ်။ အတိုက်အခံပါတီတွေကတော့ လက်ရှိ အာဏာရညွန့်ပေါင်းပါတီကြီး ပြိုကွဲနိုင်တဲ့ အခြေအနေ ရှိနေလို့ ဒီဥပဒေကိုမှ ရည်ရွယ်ချက်ရှိရှိ ဆက်လက်ပြဋ္ဌာန်းတာကို ဝေဖန် ပြောဆိုကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up