တရုတ်တွင် အိမ်တွင်းအကြမ်းဖက်မှုတိုက်ဖျက်ရေး မီဒီယာဆွေးနွေးပွဲ ကျင်းပ

1.3K
အိမ်တွင်းအကြမ်းဖက်မှု တိုက်ဖျက်ရေး သက်ဆိုင်ရာ ဗဟုသုတတွေကို မျှဝေဖို့ မီဒီယာရဲ့ အခန်းကဏ္ဍကို အားဖြည့်ရေး တရုတ်နိုင်ငံ မြို့တော် ပီကင်းမှာ မီဒီယာ ဆွေးနွေးပွဲ ကျင်းပခဲ့ပါတယ်။
အိမ်တွင်းအကြမ်းဖက်မှု ဆန့်ကျင်ရေး နိုင်ငံတကာနေ့ မတိုင်မီ ၁ ရက်အလိုမှာ ကြိုတင် ကျင်းပတာ ဖြစ်ပါတယ်။
တရုတ် လူမှုရေး သိပ္ပံတက္ကသိုလ် ဥပဒေဌာနက သုတေသနပညာရှင်ချန်မင်းရှာက အမျိုးသမီးတွေအနေနဲ့ အိမ်တွင်းအကြမ်းဖက်မှုကို ပထမဆုံးအကြိမ် ကြုံတွေ့ချိန်မှာ ဒီလိုလုပ်ရပ်က မှားတယ်ဆိုတာ ပြောရင်း အိမ်တွင်းအကြမ်းဖက်မှု ဆန့်ကျင်တဲ့ သူတို့ရဲ့ သဘောထားကို ခိုင်ခိုင်မြဲမြဲ ပြသင့်တယ်လို့ ပြောပါတယ်။
အိမ်တွင်းအကြမ်းဖက်မှုကို ထောက်ခံဖို့ အကြောင်းပြချက် မရှိဘူးဆိုတာ သူတို့ကို ပေးသိ ခွင့်ပြုရမယ်၊ ဒီအခွင့်အရေးကိုလည်း သူတို့ကို ပေးဖို့က ကိုယ်လုပ်နိုင်တဲ့အရာပဲ ဆိုတာပြောရမယ်လို့ သူက ဆက်ပြောပါတယ်။
တရုတ်နိုင်ငံတွင်း ပြည်နယ် ၂၉ ခုမှာ အိမ်တွင်းအကြမ်းဖက်မှု ဆန့်ကျင်ရေး စည်းမျဉ်းစည်းကမ်းတွေကို ထုတ်ပြန် ကြေညာထားပြီးသားပါ။
အားထုတ်မှုတွေအပေါ် အခြေခံပြီး အမျိုးသားပြည်သူ့ကွန်ဂရက်ရဲ့ ကော်မတီက အိမ်တွင်း အကြမ်းဖက်မှု ဆန့်ကျင်ရေးဥပဒေကို ဥပဒေပြုရေးအစီအစဉ်ထဲမှာ ထည့်သွင်းထားပါတယ်။
တရုတ်ဥပဒေအဖွဲ့အစည်းဖြစ်တဲ့ အိမ်ထောင်ရေးနဲ့ မိသားစုဥပဒေအဖွဲ့ ဒုဥက္ကဋ္ဌ လီမင်ရှန်းကတော့ မိသားစုဝင်ကို ထိခိုက်နာကျင်စေတဲ့ ဘယ်လို အပြုအမူကိုမဆို ဆန့်ကျင်တယ်။
ဒီအပြုအမူကို ဥပဒေရှုထောင့်အရ ရာဇဝတ်မှုအဖြစ် ဥပဒေအရ ဒါမှမဟုတ် အခြေခံ ဥပဒေအရ တားမြစ်ရမယ်။
အိမ်တွင်း အကြမ်းဖက်မှုကို တိုက်ဖျက်ဖို့ လူ့အဖွဲ့အစည်းတရပ်လုံးရဲ့ တာဝန်ဖြစ်တယ်။ တန်းတူညီမျှ ဟန်ချက်ညီပြီး ယဉ်ကျေးတဲ့ မိသားစုဆက်ဆံရေးကို တည်ဆောက်မှ မိသားစုဝင်တွေ ပျော်ရွှင်နိုင်မယ်လို့ ပြောခဲ့ပါတယ်။