ခေါင်းဖြင့်တိုက်ခိုက်သည့်အတွက် ဘတ်စ်တီယာ တိုက်စစ်မှူးကို ထောင်ဒဏ် ၁ လချ

ဘရန်ဒေါင်နှင့် သီယာဂို မော်တာ (၀ဲမှယာ)
837
ပြင်သစ် လီဂူးအမှတ်ပေးလိဂ်မှာ ပီအက်စ်ဂျီအသင်း ကွင်းလယ်သမား သီယာဂို မော်တာကို ခေါင်းနဲ့ တိုက်တဲ့ လုပ်ရပ်အတွက် ဘတ်စ်တီယာ တိုက်စစ်မှူး ဘရန်ဒေါင်ကို ထောင်ဒဏ် ၁ လ ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။
[caption id="attachment_72200" align="alignright" width="360"]
ဘရန်ဒေါင်နှင့် သီယာဂို မော်တာ (၀ဲမှယာ)[/caption]
သူဟာ ထောင် ဒဏ်အပြင် ၆ လ ကစားခွင့်လည်း ပိတ်ပင်ခံရ မှာ ဖြစ်သလို ဒဏ်ငွေ အမေရိ ကန်ဒေါ် လာ ၂ သောင်း ၄ ထောင်ကျော် ပေးဆောင်ရမှာ ဖြစ်ပါတယ်။
အသက် ၃၄ နှစ်အရွယ် ဘန်ဒေါင်က ပြိုင်ပွဲ ယှဉ်ပြိုင်နေစဉ်အတွင်း သူ့ကို တဖက် ကစားသမားက စော်ကားတဲ့စကားတွေ ပြောဆိုလို့ ခေါင်းနဲ့ တိုက်တာလို့ ပြောပါတယ်။
အဲဒီ လုပ်ရပ်ကြောင့် အသက် ၃၂ နှစ်အရွယ် မော်တာရဲ့ နှာခေါင်းရိုးကျိုးတဲ့ ဒဏ်ရာ ရရှိသွားပါတယ်။
ဘရန်ဒေါင်ရဲ့ ရှေ့နေကတော့ ထောင်ဒဏ် ၁ လအစား လူမှုရေးလုပ်ငန်းတွေမှာ လုပ်ဆောင်တဲ့ ပြစ်ဒဏ်ကျခံရဖို့ မျှော်လင့်နေပါတယ်။
ကာယကံရှင် ကစားသမားကတော့ သူ့ရဲ့ ပြစ်ဒဏ်က ပြင်းထန်လွန်းတယ်လို့ ဆိုပါတယ်။ ပီအက်စ်ဂျီအသင်းရဲ့ ဥက္ကဋ္ဌကတော့ ဘရန်ဒေါင်ကို ပြစ်ဒဏ် ၁ လအစား တသက်လုံး ကစားခွင့် ပိတ်ပင်သင့်တယ်လို့ ပြောဆိုထားပါတယ်။
ဘရန်ဒေါင်ဟာ ဒုတိယအကြိမ်မြောက် ပွဲပယ်ခံရတာ ဖြစ်ပြီး ပြီးခဲ့တဲ့ရာသီတုန်းကလည်း ပီအက်စ်ဂျီ ကွင်းလယ်သမား ဂါဘာရေကို တံတောင်နဲ့ တွတ်လို့ ၃ ပွဲ အပယ်ခံရဖူးပါတယ်။