တရုတ်တွင် ကျောက်မီးသွေးတွင်း ပေါက်ကွဲ၊ ၁၁ ဦး သေဆုံး

ဒဏ်ရာရသူများကို ဆေးရုံပေါ်တွင် တွေ့ရစဉ်
527
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ်က ကျောက်မီးသွေးတွင်းတခုမှာ မနေ့ မနက်က ပေါက်ကွဲမှုကြောင့် လူ ၁၁ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရပါတယ်။
ပန်ရှန်းမြို့နယ် ဆောင်ဟာမြို့က ပုဂ္ဂလိကပိုင် ဆောင်လင်းကျောက်မီးသွေးတွင်း မြေအောက်မှာ လူ ၁၉ ဦး အလုပ်လုပ်နေတုန်း မတော်တဆဖြစ်ခဲ့တာပါ။
[caption id="attachment_72193" align="alignright" width="300"]
ဒဏ်ရာရသူများကို ဆေးရုံပေါ်တွင် တွေ့ရစဉ်[/caption]
၁၀ ဦးက အခင်းဖြစ်နေရာမှာတင် သေဆုံးပြီး ၁ ဦးက ဆေးရုံရောက်မှ သေဆုံးတာပါ။ ဒဏ်ရာပြင်းထန်သူ ၆ ဦးကတော့ အထူးကြပ်မတ် ကုသဆောင် မှာ ဆေးကုသ ခံယူနေဆဲ လို့ ဆေးရုံ အာဏာပိုင်တွေက ပြောပါတယ်။
အသက်အန္တရာယ်က လွတ်ဖို့ ၂ ပတ်က ၃ ပတ်ထိ အချိန်ယူကောင်း ယူရနိုင်တယ် လို့ ဆေးရုံအထူးကြပ်မတ်ဆောင် ညွှန်ကြားရေး မှူး ကျောက်တျန်းလီက ပြောပါတယ်။
ဒဏ်ရာရသူ ၂ ဦးကတော့ လက်၊ မျက်နှာ အပူလောင်တာနဲ့ အဆိပ်သင့်ဓာတ်ငွေ့ ရှူမိတာတွေကြောင့် အဓိက ဒဏ်ရာရတာဖြစ်ပြီး အခြေအနေ တည်ငြိမ်တယ်လို့ ဆိုပါတယ်။
ပေါက်ကွဲမှုဖြစ်ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲပါ။ တရုတ် အရှေ့မြောက်ဘက် လျောင်နင်းပြည်နယ်မှာလည်း လွန်ခဲ့တဲ့ ၁ ရက်ကျော် ကျောက်မီးသွေးတွင်း မီးလောင်မှုကြောင့် လူ ၂၆ ဦး သေဆုံးခဲ့ပါတယ်။