A d v e r t i s e m e n t With Us

အီဘိုလာကုသဆေး လူသားနှင့်စမ်းသပ်မှု ပထမအဆင့် အောင်မြင်

အီဘိုလာရောဂါ ကာကွယ်ကုသဆေးကို လူသားတွေနဲ့ စမ်းသပ်မှု ပထမအဆင့် အောင်မြင်တယ်လို့ အမေရိကန်သုတေသနပညာရှင်တွေက နိုဝင်ဘာ ၂၇ ရက်နေ့က ထုတ်ပြန်ပါတယ်။ ဒါကြောင့် အီဘိုလာဆေးထုတ်လုပ်နိုင်ဖို့ တဆင့်နီးစပ်လာတာလို့လည်း ဆိုပါတယ်။ Ebola_reuters16_650အခုနှစ်အတွင်း အီဘိုလာရောဂါနဲ့ လူပေါင်း ၅၇၀၀ လောက် သေဆုံးခဲ့ကြပြီး အီဘိုလာကာကွယ်ကုသဆေးကို အမြန်ဆုံး ဖော်ထုတ်နိုင်ဖို့ ကမ္ဘာ့ဆေးကုမ္ပဏီတွေနဲ့ ကျန်းမာရေးအေဂျင်စီတွေ အပြင်းအထန်ကြိုးစားနေကြတာပါ။ အီဘိုလာဆေး လူသားတွေနဲ့ စမ်းသပ်မှုမှာ ရလဒ်ကောင်းတွေ ရရှိနေမှုကို နယူးအင်္ဂလန်ဆေးပညာစာစောင်မှာ နိုဝင်ဘာ ၂၆ ရက်နေ့က ဖော်ပြခဲ့တာပါ။ ဒီအီဘိုဘာဆေးထုတ်လုပ်နိုင်ရေး အမေရိကန်ကူးစက်ရောဂါဌာနနဲ့ GlaxoSmithKline ဆေးကုမ္ပဏီတို့ ပူးပေါင်းကြိုးစားနေကြပြီး အခုနှစ် အီဘိုလာရောဂါ ပြင်းထန်မှုကလည်း ဒီဆေးကို အမြန်ဆုံးထုတ်လုပ်နိုင်ရေး တွန်းအားတရပ်ဖြစ်ခဲ့တယ်လို့ အဖွဲ့ခေါင်းဆောင် Anthony Fauci က ပြောဆိုပါတယ်။ အခုဆေးဟာ လက်ရှိ အီဘိုလာရောဂါကို ကာကွယ်ကုသတဲ့အပြင် နောင်အီဘိုလာရောဂါမျိုးကွဲတွေကိုပါ ကာကွယ်နိုင်တဲ့အဆင့်အထိ ဖြစ်လာနိုင်တယ်လို့လည်း Fauci က  ပြောဆိုပါတယ်။ လူသားတွေနဲ့ ဒုတိယအဆင့်စမ်းသပ်မှုတွေကို အနောက်အာဖရိကမှာ ပြုလုပ်နိုင်ဖို့ လိုင်ဘေးရီးယားအာဏာပိုင်တွေနဲ့ အမေရိကန်ကူးစက်ရောဂါဌာနက ဆွေးနွေးညှိနှိုင်းနေပါတယ်။ အီဘိုလာရောဂါ ကာကွယ်ကုသဆေးတွေကို အောက်စဖတ်၊ မာလီနိုင်ငံနဲ့ ဆွစ်ဇာလန်နိုင်ငံတို့မှာလည်း တပြိုင်တည်း စမ်းသပ်နေကြပါတယ်။ အခုနှစ် တကျော့ပြန်ဖြစ်လာတဲ့ အီဘိုလာရောဂါ ကူးစက်သေဆုံးနှုန်းဟာ ၇၀ ရာခိုင်နှုန်းရှိပြီး တရားဝင်ကာကွယ်ကုသဆေးလည်း မရှိသေးပါဘူး။

A d v e r t i s e m e n t With Us

More News
Up