ဝီရှိုင်းယား ဒဏ်ရာကြောင့် ၃ လခန့် အနားယူရမည်

585
အာစင်နယ် ကွင်းလယ်ကစားသမား ဂျက် ၀ီရှိုင်းယားဟာ ခြေကျင်းဝတ် ဒဏ်ရာကြောင့် ၃ လလောက် အနားယူရမှာတော့မယ်လို့ အသင်းက သတင်းထုတ်ပြန်လိုက်ပါတယ်။
ဝီရှိုင်းယားဟာ မန်ယူကို ၂ ဂိုး ၁ဂိုးနဲ့ ရှုံးတဲ့ပွဲမှာ ဘယ်ခြေကျင်းဝတ် ဒဏ်ရာရခဲ့ပြီး ခွဲစိတ်ကုသမှု ခံယူခဲ့ရပါတယ်။
အသက် ၂၂ နှစ်အရွယ် ၀ီရှိုင်းယား မကစားနိုင်လို့ အင်္ဂလန်နဲ့ အာစင်နယ်အတွက် ထိုးနှက်ချက်လို့ ပြောရမှာ ဖြစ်ပါတယ်။