A d v e r t i s e m e n t With Us

မြောက်ကိုရီးယားခေါင်းဆောင်၏ ညီမကို အကြီးတန်းရာထူး ခန့်အပ်

ကင်ယိုဂျွန် (၀ဲအစွန်)
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းရဲ့ ညီမကို လက်ရှိအာဏာရ အလုပ်သမားပါတီရဲ့ အကြီးတန်း ရာထူးမှာ ခန့်အပ်လိုက်ပြီလို့ အစိုးရမီဒီယာက မနေ့က ဖော်ပြပါတယ်။ လျှို့ဝှက်အထီးကျန်တဲ့ မြောက်ကိုရီးယားနိုင်ငံတွင်း ကင်မိသားစု မျိုးဆက်တွေ အုပ်ချုပ်မှုကို တောင့်တင်းကျစ်လျစ်စေမယ့် လုပ်ဆောင်ချက်လည်း ဖြစ်ပါတယ်။ [caption id="attachment_72173" align="alignright" width="300"]ကင်ယိုဂျွန် (၀ဲအစွန်) ကင်ယိုဂျွန် (၀ဲအစွန်)[/caption] အသက် ၂၇ နှစ်အရွယ် ကင်ယိုဂျွန်ဟာ အရင် က ပါတီအရာရှိအဖြစ်သာ နာမည်စာရင်းပေါက်သူဖြစ်ပေမယ့် အစိုးရအဖွဲ့ထဲ စီမံအုပ်ချုပ်ရေးအခန်းကဏ္ဍမှာ ရှိနေတယ်ဆိုတဲ့ ကောလာဟလတွေ ထွက်ခဲ့ဖူးတာပါ။ မြောက်ကိုရီးယား အစိုးရမီဒီယာ KRT ကတော့ သူ့ကို အာဏာရ အလုပ်သမားပါတီရဲ့အားကောင်းတဲ့ ဗဟိုကော်မတီအတွင်း ဌာနဒုညွှန်မှူးအဖြစ် ဖော်ပြပါတယ်။ ကင်ယိုဂျွန်ဟာ မြောက်ကိုရီးယား အစိုးရအဖွဲ့တွင်း တရားဝင်အလုပ်ရှိတဲ့ တဦးတည်းသော ကင်မိသားစုဝင်ပါ။ မြောက်ကိုရီးယား ခေါင်းဆောင်ဟောင်း ကွယ်လွန်သူ ကင်ဂျုံအီးလ်ရဲ့ ညီမဖြစ်သူ ကင်ကယွန်ဟွေဟာ အစိုးရအတွင်း အကြီးတန်း စစ်ဖက်နဲ့ ပါတီ ရာထူးတွေရှိပေမယ့် သူ့ခင်ပွန်း ဂျန်ဆွန်တိတ်ခ်ကို ကွပ်မျက်အပြီး လွန်ခဲ့တဲ့တနှစ်ကျော်ကစပြီး သူ့ကိုမတွေ့ရတော့ပါဘူး။ ကင်ဂျုံအန်းနဲ့ သူ့ညီမတို့ကို ခေါင်းဆောင်ဟောင်း ကင်ဂျုံအီးလ်ရဲ့ လေးယောက်မြောက် ဇနီးသည်ကနေ မွေးတာပါ။ မောင်နှမ ၂ ယောက်လုံးဟာ အစ်ကိုကြီး ကင်ဂျုံချိုးနဲ့အတူ ဆွစ်ဇာလန်မှာ ကျောင်းအတူတက်ခဲ့တယ်လို့ ယုံကြည်ရပါတယ်။ ကင်ဂျုံချိုးကတော့ အစိုးရအဖွဲ့အတွင်း လူသိရှင်ကြားအခန်းကဏ္ဍ တစုံတရာ မရှိထားပါဘူး။ ကင်ဂျုံအန်းကတော့ အစိုးရမီဒီယာတွေကနေ တလကျော်လောက် ပျောက်နေခဲ့လို့ ကင်မိသားစုအတွင်း အာဏာတည်ဆောက်ရေး လမ်းစတွေနဲ့ ပတ်သက်တဲ့ ထင်ကြေးတွေ ပေါ်ထွက်စေခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up