ကမ္ဘာကျော် ဘရာဇီး ဘောလုံးသူရဲကောင်း ပီလီဟာ ဆီးလမ်းကြောင်းနဲ့ ဆိုင်တဲ့ ရောဂါကြောင့် ဆော်ပေါ်လိုက ဆေးရုံရဲ့ အထူးကြပ်မတ် ကုသဆောင်မှာ ကုသမှု ခံယူခဲ့ရပါတယ်။

ဆော်ပေါ်လို ဆေးရုံရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ အသက် ၇၄ နှစ်အရွယ် ပီလီကို ဆီးလမ်းကြောင်းမှာ ပိုးဝင်တဲ့ ရောဂါကြောင့် အထူးကြပ်မတ်ဆောင်မှာ ကုသပေးနေရာကနေ သက်သာလာတဲ့ အတွက် နေရာပြောင်းရွှေ့ ကုသပေးနေတယ်လို့ ဆိုပါတယ်။
ပီလီကတော့ ကျန်းမာရေး အခြေအနေကောင်းမွန်တယ်လို့ သူ့ရဲ့တွစ်တာစာမျက်နှာမှာ ရေးသားထားပါတယ်။
သူဟာ ကစားသမားဘ၀တုန်းက ကမ္ဘာ့ဖလား ချန်ပီယံဆုကို ဘရာဇီးအသင်းနဲ့အတူ ၃ ကြိမ် ဆွတ်ခူးထားပြီး ပွဲပေါင်း ၁၃၆၃ ပွဲမှာ ၁၂၈၁ ဂိုး စံချိန်တင် သွင်းပေးထားပါတယ်။