ထိုင်းရွေးကောက်ပွဲ ၂၀၁၆ တွင် ကျင်းပမည်

ထိုင်းဒုဝန်ကြီးချုပ်နှင့် ထိုင်းဝန်ကြီးချုပ် (၀ဲမှယာ)
646
ထိုင်းနိုင်ငံမှာ လာမယ့်နှစ်ကျင်းပဖို့ စီစဉ်ထားတဲ့ အထွေထွေရွေးကောက်ပွဲဟာ ၂၀၁၆ ထိ နောက်ကျပြီးမှ ကျင်းပဖြစ်လိမ့်မယ်လို့ ထိုင်းဒုဝန်ကြီးချုပ် ပရာဝစ်ဝေါင်ဆူဝန်က ဒီကနေ့ ပြောကြားလိုက်ပါတယ်။
[caption id="attachment_72151" align="alignright" width="488"]
ထိုင်းဒုဝန်ကြီးချုပ်နှင့် ထိုင်းဝန်ကြီးချုပ် (၀ဲမှယာ)[/caption]
အခြေခံဥပဒေမူကြမ်းရေးဆွဲပြီးတာနဲ့ ၂၀၁၆ နှစ်စပိုင်းလောက်မှာ ရွေးကောက်ပွဲ စီစဉ်နိုင်ပါလိမ့်မယ်၊ ခုချိန်မှာတော့ ငြိမ်းချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေး အမျိုးသားကောင်စီကို ဆန့်ကျင်နေတဲ့အဖွဲ့တွေ ရှိနေတယ်လို့ သတင်းထောက်တွေကို ပြောတဲ့အကြောင်း သည်နေရှင်းသတင်းမှာဖော်ပြပါတယ်။
ထိုင်းအာဏာသိမ်းစစ်ကောင်စီဖြစ်တဲ့ ငြိမ်းချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေး အမျိုးသားကောင်စီ အကြီးအကဲ လက်ရှိ ထိုင်းဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာကတော့ ၂၀၁၅ အကုန်မှာ ရွေးကောက်ပွဲကျင်းပမယ်လို့ အရင်က ပြောကြားထားတာဖြစ်ပါတယ်။