A d v e r t i s e m e n t With Us

ဖာဂူဆန်မြို့တွင် အက်ဖ်ဘီအိုင်ထောက်လှမ်းရေး ၂ ဦး သေနတ်ပစ်ခံရ

USလူမျိုးရေးပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ အမေရိကန်နိုင်ငံ၊ ဖာဂူဆန်မြို့မှာ မနေ့ မနက်စောစောက အက်ဖ်ဘီအိုင်ထောက်လှမ်းရေးနှစ်ဦး သေနတ်ပစ်ခံရလို့ ရဲတပ်ဖွဲ့တွေ စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့ကြပါတယ်။ ဒီပစ်ခတ်မှု နဲ့ လတ်တလော ဖာဂူဆန်မြို့ဆန္ဒပြပွဲတွေ၊ လူမျိုးရေးတင်းမာမှုတွေနဲ့ တိုက်ရိုက်ပတ်သက်မှုမရှိဘူးလို့ အက်ဖ်ဘီအိုင်ပြောခွင့်ရက ပြောဆိုပါတယ်။ ထောက်လှမ်းရေးတဦးက ပုခုံးကို ထိမှန်ခဲ့ပြီး နောက်တဦးကတော့ ခြေထောက်ကို ထိမှန်ခဲ့ပေမယ့် အသက်အန္တရာယ် မစိုးရိမ်ရဘူးလို့လည်း ပြောခွင့်ရက ပြောပါတယ်။ လက်တလော ဖာဂူဆန်မြို့ မငြိမ်သက်မှုတွေကို ထိန်းသိမ်းဖို့ အမေရိကန် အရန်တပ်ဖွဲ့ဝင် ၂၀၀၀ ကျော် တာဝန်ယူထားကြပါတယ်။ လုံခြုံရေးကို အစွန်းကုန်တိုးမြှင့်ထားပေမယ့် ရဲကားတစီး မီးတင်ရှို့ခံခဲ့ရပြီး ရဲတွေနဲ့ ဆန္ဒပြသူတွေ ထိပ်တိုက်တွေ့မှုတွေ ဖြစ်ပွားခဲ့ပါသေးတယ်။

A d v e r t i s e m e n t With Us

More News
Up