[caption id="attachment_72116" align="alignright" width="372"]

ဓာတ်ပုံ - ရိုက်တာ[/caption]
အမေရိကန်ပြည်ထောင်စုမှာ လူမည်းဆယ်ကျော်သက်ကို သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့ လူဖြူ ရဲအရာရှိကို တရားရုံးမတင်တဲ့ကိစ္စနဲ့ ပတ်သက်လို့ ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ လူရာနဲ့ချီပြီး ဆန္ဒပြနေကြပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လတုန်းက မစ်ဇူရီပြည်နယ် ဖာဂူဆန်မြို့မှာ အသက် ၁၈ နှစ်အရွယ် မိုက်ကယ်ဘရောင်းကို ရဲအရာရှိ ၀ီလဆင်က သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့ကိစ္စဟာ ခုံရုံး တင်နိုင်လောက်အောင် မှားယွင်းတဲ့ အချက်အလက် မတွေ့ရဘူးလို့ ဖာဂူဆန်နယ်မြေ ဂျူရီ လူကြီးအဖွဲ့က ဒီတပတ် အစောပိုင်းမှာ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
ဒီကိစ္စကို မကျေနပ်ဘဲ အမေရိကန်ပြည်ထောင်စုက ဘော်စတွန်၊ နယူးယောက်၊ လော့အိန်ဂျလစ်၊ ဒါးလက်စ်နဲ့ အတ္တလန်တာ အပါအ၀င် တခြားမြို့တွေမှာလည်း ဆန္ဒပြမှုတွေ ပေါ်ပေါက်နေပါတယ်။
လန်ဒန်မြို့က ဒီဆန္ဒပြပွဲမှာတော့ ဆန္ဒပြသမားတွေဟာ လန်ဒန်မှ ဖာဂူဆန် သို့၊ မိုက်ကယ်ဘရောင်းအတွက် တရားမျှတမှုဆိုတဲ့ စာတမ်းတွေကို ကိုင်ဆောင်ထားကြပါတယ်။
အဲဒီနောက်မှာတော့ ဆန္ဒပြသမားတွေဟာ လန်ဒန်မြို့မှာရှိတဲ့ အမေရိကန် သံရုံးရှေ့မှာလည်း ဆန္ဒပြခဲ့ကြပါတယ်။