Home
မြန်မာသတင်း
စစ်တပ်ပိုင်ကုမ္ပဏီ တယ်လီဖုန်းအော်ပရေတာလုပ်ငန်း လုပ်ကိုင်မည်
DVB
·
November 27, 2014
MEC Phoneမြန်မာနိုင်ငံမှာ စတုတ္ထမြောက် တယ်လီဖုန်းဆက်သွယ်ရေး အော်ပရေတာအဖြစ် စစ်တပ်ပိုင် မြန်မာ့ စီးပွားရေးကော်ပိုရေးရှင်း MEC က မကြာမီပေါ်ပေါက်လာမယ်လို့ ဆက်သွယ်ရေးနဲ့ သတင်းအချက်အလက် နည်းပညာဝန်ကြီး ဦးမြတ်ဟိန်းက ပြောပါတယ်။ နိုဝင်ဘာ ၂၅ ရက် ရန်ကုန်မှာ ကျင်းပတဲ့ အာရှပစိဖိတ် ဆက်သွယ်ရေး အထွေထွေညီလာခံမှာ ပြောကြားခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ တယ်လီဇုန်းဆက်သွယ်ရေးကဏ္ဍမှာ ပြည်တွင်းက ကုမ္ပဏီ၂ ခု ပြည်ပက ၂ ခု စုစုပေါင်း အော်ပရေတာ ၄ ခုရှိလာမှာဖြစ်ပြီး အော်ပရေ တာတွေအနေနဲ့ ဥပဒေနဲ့အညီ လွတ်လပ်စွာ ဈေးကွက် ယှဉ်ပြိုင်နိုင်မယ်လို့လည်း ပြောပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ တယ်လီဖုန်းဆက်သွယ်ရေးလုပ်ငန်းကို နော်ဝေအခြေစိုက် တယ်လီနော်ကုမ္ပဏီ၊ ကာကာအခြေစိုက် အော်ရီဒူး ကုမ္ပဏီနဲ့ ပြည်တွင်းက အစိုးရပိုင် MPT က ဂျပန်က ကေဒီဒီအိုင်နဲ့ ဆူမီမိုတိုကုမ္ပဏီတွေနဲ့ ပူးပေါင်းလုပ်ကိုင်နေတာပါ။ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း MEC ဟာ တယ်လီဖုန်းဆက်သွယ်ရေးအော်ပရေ တာအဖြစ် မကြာခင် လုပ်ကိုင်မယ်လို့ ဆက်သွယ်ရေးဝန်ကြီးက ပြောနေပေမယ့် MECTel အမှတ်တံဆိပ်ပါ ကြိုတင်ငွေဖြည့် ဖုန်းကတ်တွေကတော့ အရင်ကတည်းက ရောင်းချမှု ရှိနေခဲ့တာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024