A d v e r t i s e m e n t With Us

၆ ပွင့်ဆိုင် ဆွေးနွေးပွဲတွင် ပါဝင်မည့် တိုင်းရင်းသားကိုယ်စားလှယ် ယနေ့ ရွေးချယ်မည်

အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေးပါတီကိုယ်စားလှယ်တို့ အောက်တိုဘာ ၃၁ ရက်နေ့ ၂၀၁၄ က ပထမဆုံးအကြိမ် တွေ့ဆုံစဉ်
[caption id="attachment_69384" align="alignright" width="394"]Thein Sein n DASSK meet 31102014(6 အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေးပါတီကိုယ်စားလှယ်တို့ အောက်တိုဘာ ၃၁ ရက်နေ့က ပထမဆုံးအကြိမ် တွေ့ဆုံစဉ်[/caption] ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် ၆ ပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးပွဲမှာ ပါဝင်မယ့် တိုင်းရင်းသား ကိုယ်စားပြု ကိုယ်စားလှယ်ကို ဒီကနေ့ ကျင်းပမယ့် ပြည်ထောင်စုလွှတ်တော်မှာ အမည်စာရင်း တင်သွင်းသွားမှာ ဖြစ်ပါတယ်။ သူရ ဦးရွှေမန်းနဲ့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသား လွှတ်တော်က တိုင်းရင်းသား ကိုယ်စားလှယ်တွေ မနေ့ညနေက တွေ့ဆုံအပြီးမှာ ရွေးချယ်ဖို့ ဖြစ်လာတာပါ။ လွှတ်တော်ထဲမှာ ရှိနေတဲ့ တိုင်းရင်းသားပါတီတွေထဲမှာ ပါတီဝင် အင်အားနဲ့ အမတ် အများဆုံးဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက စိုင်းအိုက်ပေါင်း ရွေးချယ်ဖို့ မျှော်လင့်ထားတယ်လို့ သီပေါမဲဆန္ဒနယ် ကိုယ်စားလှယ် ဦးရဲထွန်းက ဒီဗွီဘီကို ပြောဆိုထား ပါတယ်။

A d v e r t i s e m e n t With Us

More News
Up