နိုဝင်ဘာ ၂၆ ရက်နေ့ည ချန်ပီယံလိဂ် ပွဲစဉ် ရလဒ်များ

CHampions-Leagueဗုဒ္ဓဟူးနေ့ညက ယှဉ်ပြိုင်သွားတဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ လီဗာပူးက အဝေးကွင်းမှာ လူဒိုဂရက် ၂ ဂိုးစီ သရေကျသွားပါတယ်။ လီဗာပူးဟာ နောက်ဆုံး ကစားထားတဲ့ ၅ ပွဲစ လုံးမှာ နိုင်ပွဲ မရသေးပါဘူး။ ဒီပွဲမှ သရေကျပေမယ့် လီဗာပူးအနေနဲ့ အုပ်စုကနေ တက်ရေးအတွက် မျှော်လင့်နိုင်ဦးမှာ ဖြစ်ပါတယ်။ လောလောဆယ် အုပ်စု (ဘီ)မှာ ရီရဲလ် မက်ဒရစ်က ၁၅ မှတ်နဲ့ နောက်တဆင့်ကို တက်ရောက်သွားပြီး အုပ်စု ဒုတိယနေရာ အတွက် လီဗာပူးအပါအ၀င် ၃ သင်း လုရမှာပါ။ အုပ်စုတွင်းမှာ ဘာဆယ်က ၆ မှတ်နဲ့ အဆင့် ၂၊ လီဗာပူးက ၄ မှတ်နဲ့ အဆင့် ၃၊ လူဒိုဂရက်ကလည်း ၄မှတ်နဲ့ အဆင့် ၄ မှာ ရပ်တည်နေပါတယ်။ လီဗာပူးဟာ နောက်ဆုံးပွဲမှာ ဘာဆယ်ကို နိုင်ရင် အုပ်စုကနေ တက်နိုင်မှာ ဖြစ်ပါတယ်။ အာစင်နယ်ကတော့ အိမ်ကွင်းမှာ ဒေါ့မန်ကို ၂ ဂိုးပြတ်နဲ့ နိုင်ပြီး ရှုံးထွက်အဆင့်ကို တက်ရောက်သွားပါတယ်။ အုပ်စု (ဒီ)မှာ ဒေါ့မန်က ၁၂ မှတ်ရပြီး အုပ်စု ဗိုလ်နဲ့ နောက်တဆင့်ကို တက်သွားပြီး အာစင်နယ်က ၁၀ မှတ်၊ အုပ်စု ဒုတိယနဲ့ တက်ရောက်သွားတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up