ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်သား ကိုယ်စားလှယ်များ တွေ့ဆုံမည်

parlimentအမျိုးသားဒီမိုကရေစီအဖွဲချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေ ဒီကနေ့မှာ တွေ့ဆုံဖို့ ရှိနေပါတယ်။ အန်အယ်ဒီ ဖက်က တွေ့ဆုံ စကားပြောနိုင်ဖို့အတွက် တပ်မတော်သား ကိုယ်စားလှယ် ၇၀ ကို ဖိတ်ကြားထားတာပါ။ တကယ်လို့ တွေ့ဖြစ်ခဲ့ရင်တော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတပ်သား ကိုယ်စားလှယ် တွေကြားမှာ ပထမဆုံးအကြိမ် တွေ့ဆုံမှု ဖြစ်လာမှာပါ။ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စစ်တပ်ကိုယ်စားလှယ်တွေကို လွှတ်တော်မှာ လွတ်လွတ်လပ်လပ်ဆွေးနွေးခွင့် ပေးထားတယ်လို့ ပြောဆိုအပြီးမှာ အန်အယ်ဒီ ဖက် အခုလို တွေ့ဆုံဖို့ ဖိတ်ကြားလာတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်တွေနဲ့ နေပြည်တောမှာ တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up