A d v e r t i s e m e n t With Us

ဆူဇူကီးဖလားပြိုင်ပွဲ မြန်မာအသင်း၏ ဆီမီးဖိုင်နယ်တက်ရေး မျှော်လင့်ချက်မှေးမှိန်

myanmarအာဆီယံ ဆူဇူကီး အုပ်စု (ဘီ) ဒုတိယပွဲစဉ်မှာ အိမ်ရှင် စင်ကာပူက မြန်မာအသင်းကို ၄ ဂိုး ၂ဂိုးနဲ့ အနိုင်ရသွားပါတယ်။ စင်ကာပူက မြန်မာကို ၃ ဂိုးအထိ ဦးဆောင်သွင်းနိုင်ခဲ့ပြီးမှ မြန်မာက နောက်ကနေ လိုက်ကစားခဲ့ရတာပါ။ ဒီပွဲမှာ မြန်မာက ၄၄၁၁၊ စင်ကာပူက ၄၄၂ ကစားကွက်နဲ့ ပွဲထွက်ခဲ့တာပါ။ ပထမပိုင်းမှာ မြန်မာအသင်း ကစားပုံ သိပ်မကောင်းပေ မယ့်လည်း ဒုတိယပိုင်းမှာ စင်ကာပူဖက်ကို ထိုးဖောက် ကစားသွားနိုင်ခဲ့ပြီး ကန်သွင်းခွင့် အကြိမ်အရေလည်း ပိုရခဲ့တာပါ။ ဒီပွဲရှုံးလိုက်လို့ မြန်မာအသင်းရဲ့ ဆီမီးဖိုင်နယ် တက်ရေး မျှော်လင့်ချက်တွေ မှေးမှိန် သွားပါတယ်။ အုပ်စုတွင်းမှာပဲ ထိုင်းက မလေးရှားကို ၃ ဂိုး ၂ ဂိုးနဲ့ နိုင်လိုက်လို ၆ မှတ်ရပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်သွားပြီ ဖြစ်ပါတယ်။ အုပ်စု နောက်ဆုံး ပွဲစဉ်မှာ မြန်မာက ထိုင်း၊ စင်ကာပူက မလေးရှားနဲ့ လာမယ့် နိုဝင်ဘာလ ၂၉ ရက်နေ့မှာ ယှဉ်ပြိုင်ရမှာပါ။

A d v e r t i s e m e n t With Us

More News
Up