A d v e r t i s e m e n t With Us

ပြန်ပေးဆွဲခံ ကိုလံဘီယာ စစ်သား ၂ ဦးကို သူပုန်အဖွဲ့ ပြန်လွှတ်

ကိုလံဘီယာနိုင်ငံတွင်း Farc သူပုန်တွေ ပြန်ပေးဆွဲတာခံထားရတဲ့ စစ်သား ၂ ဦးကို နိုဝင်ဘာ ၂၅ ရက်နေ့က ဘေးကင်းကင်း ပြန်လွှတ်ပေးလိုက်ပါတယ်။ Defected members (with armbands) of Colombian guerrilla group ELN fall in at a military base during their surrender and the handover of their weapons, in Cali July 16, 2013.စစ်သား ၂ ဦးကို ကိုလံဘီယာကာကွယ်ရေးဝန်ကြီး ဟွမ်ကားလော့စ် ပင်ဇွန်၊ ဗိုလ်ချုပ်ဟွမ် ပါဘလို ရိုဒရီဂဲ့ဇ်နဲ့ စစ်တပ်က စစ်ဦးစီးမှူးတွေက ဘိုကိုတာ ဗဟိုစစ်ဆေးရုံမှာ တွေ့ဆုံနေပုံတွေကို ကိုလံဘီယာ ကာကွယ်ရေးဝန်ကြီးဌာနက ရုပ်သံ ဖြန့်ချိလိုက်တာပါ။ မာ့က်စ်ဝါဒီ Farc သူပုန်တွေက ဓားစာခံ ၂ ဦး ပြန်လွှတ်ပေးမှုကို ကိုလံဘီယာ သမ္မတ ဟွမ် မန်နျူရယ် စန်တို့စ်က ချီးကျူးလိုက်ပြီး နိုင်ငံရဲ့ နှစ် ၅၀ ကြာ ပြည်တွင်းစစ် အဆုံးသတ်ရေး ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပြန်စဖို့ ကူညီနိုင်မယ်လို့လည်း အဆိုပြုပါတယ်။ Farc သူပုန်တွေက ဓားစာခံ ၅ ယောက်ကို ထိန်းသိမ်းခဲ့ပြီးတဲ့နောက် ကျူးဘားနိုင်ငံ မြို့တော် ဟာဗားနားမှာ ၂ နှစ်ကြာ ညှိနှိုင်းခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ကိုလံဘီယာသမ္မတက ရပ်တန့်ခဲ့တာပါ။ ဗိုလ်ချုပ်တဦးအပါအဝင် ဓားစာခံတွေကို ပြန်လွှတ်မပေးမချင်း ဆွေးနွေးပွဲတွေ ပြန်မစဘူးလို့လည်း ပြောခဲ့ပါတယ်။ ဆင်းရဲသားတွေအတွက် မြေယာဥပဒေ ပြုပြင်ပြောင်းလဲရေး တိုက်ပွဲဝင်ခဲ့တဲ့ ၁၉၆၄ ကိုလံဘီယာပြည်တွင်းစစ် စတင်ကတည်းက ခုထိ လူအယောက် ၂ သိန်းလောက် သေဆုံးခဲ့ ပြီးပါပြီ။

A d v e r t i s e m e n t With Us

More News
Up