ခရစ်စမတ် နတ်သူငယ်လူနောက်လေးတွေ အများဆုံး စုရုံးမှုအတွက် ကမ္ဘာ့စံချိန်သစ် တင်ဖို့ ထောင်နဲ့ ချီတဲ့ ထိုင်းကျောင်းသူကျောင်းသားတွေ နိုဝင်ဘာ ၂၅ ရက်နေ့က ဘန်ကောက်မြို့လယ်မှာ စုရုံးခဲ့ကြပါတယ်။
[caption id="attachment_72051" align="alignright" width="415"]

ဓာတ်ပုံ - ရိုက်တာ[/caption]
အသက် ၉ နှစ်ကနေ ၁၅ နှစ်ကြား လူငယ်လေး ၁၇၉၂ ယောက်ဟာ ဘန်ကောက်မြို့လယ်က စီယံပါရာဂွန် ကုန်တိုက်အပြင်မှာ ထိုင်းနိုင်ငံရဲ့ နာမည်ဟောင်းစီယံကို လူစုနဲ့ ပုံဖော်ခဲ့ကြပါတယ်။
ဂင်းနစ် ကမ္ဘာ့စံချိန်သစ် အောင်နိုင်သူတွေ အဖြစ် မကြေညာခင် သူတို့ဟာ ၅ မိနစ်လောက် နေရာယူခဲ့တာပါ။
ဒီပွဲကို တက်ရောက်လာသူ ဂင်းနစ် ကမ္ဘာ့စံချိန်အဖွဲ့ ကိုယ်စားလှယ် ရစ်ချတ် စတန်နင်းကတော့ ဒီစံချိန်ကို နောက်ထပ်တနိုင်ငံက ချိုးဖို့ ခက်တော့မယ်လို့ ပြောပါတယ်။
ကလေး ၁၄ ယောက်ကတော့ နတ်သူငယ်နားရွက်ကို မဝတ်ထားလို့ အရည်အသွေးမမီ ဖြစ်ခဲ့ရတာပါ။
ပွဲမှာ ပါဝင်သူအားလုံး ပါဝင်ဆင်နွှဲသူတွေအဖြစ် အသိအမှတ်ပြုလက်မှတ်တွေ ရခဲ့ကြပါတယ်။
အရင်စံချိန်ဟောင်းကတော့ ဗြိတိန်နိုင်ငံ ဝီသာဘေမှာ ၂၀၁၃ ခုနှစ်က စန်တာ နတ်သူငယ် ၁၁၁၀ ယောက် စုစည်းမှုပါ။
ထိုင်းနိုင်ငံဟာ ဗုဒ္ဓဘာသာဝင်ကြီးစိုးတဲ့နိုင်ငံ ဖြစ်ပေမယ့် ခရစ်ယာန် အားလပ်ရက်အတွက် စီးပွားရေးအမြင်က ကျယ်ကျယ်ပြန့်ပြန့် လွှမ်းမိုးနေပြီး ခရစ္စမတ်ရာသီမှာ ဟိုတယ်တွေနဲ့ ဈေးဆိုင်တွေမှာ ခရစ္စမတ်သစ်ပင်တွေ အထိမ်းအမှတ်တွေက နေရာယူ ထားလေ့ ရှိပါတယ်။