ကိုင်ရိုမြို့တွင် ၈ ထပ် အဆောက်အဦပြိုကျ မှု ၁၀ ဦးသေဆုံး

668
အီဂျစ်နိုင်ငံ ကိုင်ရိုမှာ ရှစ်ထပ်လူနေအဆောက်အဦတခု ညဘက်ပိုင်း ပြိုကျသွားလို့ အနည်းဆုံး လူ ၁၀ ဦး သေဆုံးသွားပြီး ၇ ဦး ဒဏ်ရာရသွားတယ်လို့ လုံခြုံရေး သတင်းအရင်းအမြစ်က နိုဝင်ဘာလ ၂၅ ရက်နေ့က ပြောပါတယ်။
ကယ်ဆယ်ရေးအဖွဲ့တွေက အပျက်အစီးတွေထဲ ပိတ်မိနေတဲ့ လူတွေကို ကယ်ထုတ်ဖို့ ကြိုးစားနေသလို၊ နောက်ထပ် အသေအပျောက်စာရင်း တိုးလာနိုင်သေးတယ်လို့လည်း ခန့်မှန်းထားပါတယ်။
အနီးအနားနေထိုင်သူတဦးက မနက် ၁ နာရီခွဲအချိန်မှာ ပြိုကျခဲ့ပြီး အပေါ်ဆုံးထပ်နေ အမျိုးသမီးတဦးကလွဲလို့ အားလုံး သေဆုံးသွားတယ်လို့ ပြောပါတယ်။
အဆောက်အဦပြိုကျရတဲ့ အကြောင်းအရင်းကိုတော့ မသိရသေးပါဘူး။ ဒါပေမယ့် အီဂျစ်က ဆောက်လုပ်ရေးလုပ်ငန်းတွေဟာ စည်းမျဉ်းစည်းကမ်း၊ စံချိန်စံညွှန်းတွေကို ချိုးဖောက်လေ့ ရှိတာကြောင့် ဒီလို ပြိုကျမှုဟာ အထူးအဆန်းတခုတော့ မဟုတ်ပါဘူး။