A d v e r t i s e m e n t With Us

တရုတ်ကျောက်မီးသွေးသတ္တုတွင်း မီးလောင်မှုကြောင့် လုပ်သား ၂၄ ဦး သေဆုံး

cianbတရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း လျောင်နင်းပြည်နယ်က ကျောက်မီးသွေးသတ္တုတွင်းမှာ မီးလောင်လို့ လုပ်သား ၂၄ ယောက် သေဆုံးပြီး ၅၂ ယောက် ဒဏ်ရာရတယ်လို့ နိုင်ငံပိုင် လျောင်နင်းဖုရှင်း ကျောက်မီးသွေး ကော်ပိုရေးရှင်းက အစီရင်ခံပါတယ်။ ပြည်နယ်တွင်းက အကြီးစား ကျောက်မီးသွေးထုတ်လုပ်သူ ကုမ္ပဏီ ဖုရှင်းကိုးရဲ့လက်ခွဲ ဟုံတကိုးကုမ္ပဏီလက်အောက်က ကျောက်မီးသွေးတွင်းမှာ မီးလောင်ခဲ့တာပါ။ ကယ်ဆယ်ရေး လုပ်ခဲ့ပြီး ဒဏ်ရာရသူအားလုံးကို ဆေးရုံတင်ထားပြီလို့ ဖုရှင်းကိုး ကုမ္ပဏီက ပြောပါတယ်။ ဘေးကင်းရေး စစ်ဆေးမှုတွေအတွက် သတ္တုတွင်းအားလုံးမှာ လုပ်ငန်းရပ်ထားတယ်လို့ ဟုံတကိုးကုမ္ပဏီက ပြောပါတယ်။ ဒီကုမ္ပဏီမှာ လုပ်သားအယောက် ၄၆၀၀ ကျော် ခန့်အပ်ထားတာပါ။ မနှစ်ကလဲ ဖုရှင်းကိုး ကုမ္ပဏီလက်အေက်က ကျောက်မီးသွေးတွင်းတခုမှာ ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် လုပ်သား ၈ ယောက် သေဆုံးခဲ့ဖူးပါတယ်။

A d v e r t i s e m e n t With Us

More News
Up