A d v e r t i s e m e n t With Us

လစ်ဗျားနိုင်ငံ ထရီပိုလီလေဆိပ် ဒုတိယအကြိမ် လေကြောင်း တိုက်ခိုက်ခံရ

ဓာတ်ပုံ - AFP
လစ်ဗျားနိုင်ငံ မြို့တော်ထရီပိုလီမှာ နိုဝင်ဘာ ၂၅ ရက်နေ့က စီးပွားရေးလုပ်ငန်းသုံး လေဆိပ်ကို ဒုတိယအကြိမ် လေကြောင်းတိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရေနံကြွယ်ဝတဲ့နိုင်ငံတွင်း အာဏာလုပွဲတွေက ပိုပြင်းထန်လာနေတာပါ။ အာဏာရှင် မွမ်မာ ကဒါဖီ ရာထူးကျပြီးနောက်ပိုင်း ၃ နှစ်အတွင်းမှာ လစ်ဗျားနိုင်ငံဟာ ပြိုင်ဖက် အကွဲအပြဲတွေကြား အစိုးရ ၂ ရပ်အောက်မှာ ရပ်တည်နေရပါတယ်။ [caption id="attachment_72024" align="alignright" width="372"]ဓာတ်ပုံ - AFP ဓာတ်ပုံ - AFP[/caption] နိုင်ငံရဲ့ အရှေ့ပိုင်းကို ပြောင်းလာခဲ့တဲ့ နိုင်ငံတကာက အသိအမှတ်ပြုတဲ့ အစိုးရကို သစ္စာခံတဲ့ လက်နက်ကိုင်အုပ်စုက  ဒီပစ်ခတ်မှုကို သူတို့လုပ်တာလို့ တာဝန်ခံပါတယ်။ ဗိုလ်ချုပ်ကြီးဟောင်း ခါလီဖာ ဟဲ့ဖ်တာ ထိန်းချုပ်တဲ့ အုပ်စုရဲ့ လေတပ် ခါင်းဆောင် စာကား အယ်လ် ဂျိုရူရှီက လေဆိပ်ကို ဒုတိယအကြိမ် ဗုံးကြဲခဲ့တယ်လို့ ပြောပါတယ်။ ဟဲ့ဖ်တာဟာ သူစစ်လေယာဉ်တွေကို လစ်ဗျားအရှေ့ပိုင်း ဘန်ဂါဇီကို အဓိကပစ်မှတ် အဖြစ် တိုက်နေရာက ခုတော့ လစ်ဗျားအနောက်ပိုင်းကို တိုက်လာတာပါ။ သူတပ်ကတော့ ထရီပိုလီလေဆိပ်ကို သူတို့ရဲ့ ပြိုင်ဘက်တွေက စစ်ရေးအတွက် သုံးနေ တယ်လို့ ပြောပါတယ်။ လေဆိပ်ပြောခွင့်ရကတော့ အကြမ်းဖက်မှုကြောင့် လေဆိပ်ကို လာမယ့် စီးပွားရေးဆိုင်ရာ လေကြောင်းပျံသန်းမှုတွေကို ရပ်ထားရတယ်လို့ ပြောပါတယ်။ နိုဝင်ဘာ ၂၄ ရက်နေ့က တိုက်ခိုက်မှုကြောင့် အိမ်အတော်များများ ထိခိုက်ခဲ့တယ်လို့ ထရီပိုလီအစိုးရသစ်က ပြောပေမယ့် နိုဝင်ဘာ ၂၅ ရက်နေ့မနက် တိုက်ခိုက်မှုနဲ့ ပတ်သက်တဲ့ အပျက်အစီးစာရင်းကို အစီရင်ခံမှု မရှိပါဘူး။ ထရီပိုလီမြို့ရဲ့ အဓိကလေဆိပ်က နွေရာသီတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့လို့ ဇူလိုင်လကတည်းက ပိတ်ထားရတာပါ။ စီးပွားရေးဆိုင်ရာ လေကြောင်းလိုင်းတွေဟာ မြို့လယ်ရဲ့ အရှေ့ဘက်က မစ်တစ်ဂါ လေဆိပ်ကို ပြောင်းသုံးနေခဲ့ရပါတယ်။

A d v e r t i s e m e n t With Us

More News
Up