A d v e r t i s e m e n t With Us

၂၀၁၆ ဆူဇူကီးပြိုင်ပွဲ အိမ်ရှင်အဖြစ် မြန်မာနှင့်ဖိလစ်ပိုင် ကျင်းပခွင့်ရ

၂၀၁၆ ဆူဇူကီးဖလားပြိုင်ပွဲ အိမ်ရှင်အဖြစ် မြန်မာနဲ့ ဖိလစ်ပိုင်နိုင်ငံတို့ကို အာဆီယံဘောလုံးအဖွဲချုပ်က ရွေးချယ်ခဲပါတယ်။ downloadနိုဝင်ဘာ ၂၂ ရက်ကကျင်းပတဲ့ အာဆီယံဘောလုံးအဖွဲ့ချုပ် နှစ်ပတ်လည်အစည်းအဝေးမှာ ၂၀၁၆ ပြိုင်ပွဲအတွက် အိမ်ရှင်နိုင်ငံတွေကို ရွေးချယ်အတည်ပြုခဲ့တာဖြစ်ပါတယ်။ ၁၉၉၆ ခုနှစ်မှာ တိုက်ဂါးဖလားပြိုင်ပွဲအဖြစ် စတင်ခဲ့တဲ့ ဆူဇူကီးဖလားပြိုင်ပွဲ သမိုင်းတလျှောက်မှာ မြန်မာနဲ့ ဖိလစ်ပိုင်က အိမ်ရှင်အဖြစ် ပထမအကြိမ် လက်ခံကျင်းပဖို့ အခွင့်အရေး ရရှိသွားတာလည်း ဖြစ်ပါတယ်။ ၂၀၁၄ ဆူဇူကီးဖလားပြိုင်ပွဲကို စင်ကာပူနဲ့ ဗီယက်နမ်တို့က အိမ်ရှင်အဖြစ်ကျင်းပနေပြီး ၂၀၁၆ ပြိုင်ပွဲရဲ့ ခြေစစ်ပွဲကို ကမ္ဘောဒီးယားနိုင်ငံနဲ့ နောက်ဆုံးအဆင့်ပြိုင်ပွဲကို မြန်မာနဲ့ ဖိလစ်ပိုင်တို့က လက်ခံကျင်းပခွင့် ရရှိတာ ဖြစ်ပါတယ်။ နိုဝင်ဘာ ၂၂ ရက်က ကျင်းပတဲ့ အာဆီယံ ဘောလုံးအဖွဲချုပ် အစည်းအဝေးမှာ နောက်ထပ် ပြိုင်ပွဲတွေအတွက်လည်း အိမ်ရှင်နိုင်ငံတွေကို ရွေးချယ်ခဲ့ပါတယ်။ အာဆီယံ အမျိုးသမီးပြိုင်ပွဲ အိမ်ရှင်အဖြစ် ထိုင်း၊ အာဆီယံဖူဆယ်ပြိုင်ပွဲ အိမ်ရှင်အဖြစ် မလေးရှားအသင်းတို့ကို ရွေးချယ်ခဲ့တာပါ။

A d v e r t i s e m e n t With Us

More News
Up