A d v e r t i s e m e n t With Us

ပုပ်ရဟန်းမင်းကြီး ဖရန့်စစ် အီးယူလွှတ်တော်တွင် မိန့်ခွန်းပြောကြား

ဓာတ်ပုံ - ရိုက်တာ
[caption id="attachment_72018" align="alignright" width="356"]ဓာတ်ပုံ - ရိုက်တာ ဓာတ်ပုံ - ရိုက်တာ[/caption] ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်ဟာ ပြင်သစ်နိုင်ငံ စတက်ဘူးဂ် Strasbourg မြို့မှာ ရှိတဲ့ ဥရောပ လွှတ်တော်ကို နိုဝင်ဘာလ ၂၅ ရက်နေ့က ရောက်သွားပြီး မိန့်ခွန်းပြောပါတယ်။ ပုပ်ရဟန်းမင်းကြီးကို အီးယူ လွှတ်တော်ဥက္ကဋ္ဌ၊ လွှတ်တော်အမတ်တွေ၊ လွှတ်တော်ရေးရာ အဖွဲ့တွေရဲ့ ဥက္ကဋ္ဌတွေက နှုတ်ဆက်ပါတယ်။ ပင်မခန်းမကြီးမှာ မိန့်ခွန်းမပြောခင် ပုပ်ရဟန်းမင်းကြီးဟာ လွှတ်တော်ရဲ့ အီးယူ ပါလီမန်ရဲ့ ဧည့်သည်တော် စာအုပ်မှာ လက်မှတ်ထိုးပါတယ်။ ပုပ်ရဟန်းမင်းကြီးဟာ ဥရောပ ကောင်စီကို သွားရောက်လည်ပတ်ပြီး ဥက္ကဋ္ဌဖြစ်တဲ့ ဟာမန် ဗန် ရွန်ပေး၊ ဥရောပ ကော်မရှင် ဥက္ကဋ္ဌ ယွန် ကလူး ယွန်းခါ တို့နဲ့ တွေ့ဆုံသလို အဖွဲ့အစည်းမျိုးစုံရဲ့ ကိုယ်စားလှယ်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ဥရောပ ပါလီမန်ကို ၄ နာရီ အလည်အပတ်သွားပြီးနောက်မှာတော့ ပုပ်ရဟန်းမင်းကြီးဟာ ဒေသစံတော်ချိန် ညနေ ၂ နာရီလောက်မှာ ရောမမြို့ဆီကို ပြန်လည်ထွက်ခွာသွားပါတယ်။

A d v e r t i s e m e n t With Us

More News
Up