ကမ္ဘာ့ အေအိုင်ဒီအက်စ်နေ့အထိမ်းအမှတ် Awareness Concert ပွဲတော် ကျင်းပမည်

AIDSဒီဇင်ဘာ ၁ ရက်နေ့မှာ ကျရောက်မယ့် ကမ္ဘာ့ အေအိုင်ဒီအက်စ်နေ့အထိမ်းအမှတ်အဖြစ် Awareness Concert ပွဲတော်ကို ကန်တော်ကြီးပန်းခြံ လက်မူကုန်းမှာ ညနေ ၅ နာရီမှာ ည ၉ နာရီထိ ၀င်ကြေး ပေးစရာ မလိုဘဲ အခမဲ့ ကျင်းပ ပြုလုပ်မှာဖြစ်ပါတယ်။ ပွဲတော်ကို CharmZ Charity မှာ ပံ့ပိုးပြီး AIDS Link International က ဦးဆောင် စီစဉ် ပြုလုပ်တာ ဖြစ်ပြီး TUR Music Band အဖွဲ့၊ အကကျွမ်းကျင်သူများ၊ တောနှင်းပန်းအငြိမ့်အဖွဲ့၊ အိပ်မက်ဆုံရာမှာ အဆိုတော်တွေ အပါအ၀င် တက်သစ်စအဆိုတော်များစွာနဲ့ အနုပညာ ဖျော်ဖြေကြမှာပါ။ Awareness Concert ပွဲတော်တွင် ဝေဒနာရှင်ကလေးငယ်များရဲ့အကြောင်း ဗီဒီယိုနဲ့ လက်ရာပစ္စည်းများကို ပြသမှာဖြစ်တဲ့အပြင် ရရှိလာတဲ့ အလှူငွေများကို အေအိုင်ဒီအက်စ်ရောဂါ ခံစားနေရတဲ့ကလေးငယ်များအတွက် လှူဒါန်းသွားမယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up