A d v e r t i s e m e n t With Us

ကျွဲတကောင် ရမ်းကားမှုကြောင့် တရုတ်တွင် ၁၀ ဦး ဒဏ်ရာရ

chinaတရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ်ထဲက မြို့ငယ်လေးတမြို့ရှိ မြို့လယ်ခေါင်မှာ နိုဝင်ဘာလ ၂၅ ရက်နေ့က ဒေါသထွက်နေတဲ့ ကျွဲတကောင် လိုက်ရမ်းကားနေလို့ လူတွေ အလန့်တကြားဖြစ်ခဲ့ပြီး အနည်းဆုံး ၁၀ ဦး ဒဏ်ရာရခဲ့ပါတယ်။ စောင့်ကြည့်ရေးကင်မရာတွေက ရိုက်ကူးထားတဲ့ ရုပ်ပုံထဲမှာ ကျွဲကြီးက ဖြတ်သွားဖြတ်လာတွေကို ရန်ရှာနေတာကိုလည်း  တွေ့ရပါတယ်။ မြို့ထဲမှာ သောင်းကျန်းနေတဲ့ ကျွဲဟာ ရဲက အသေမဖမ်းခင်အထိ ယာဉ်တွေကို ဖျက်ဆီးရုံမက မြို့ခံတွေကို တိုက်ခိုက်ခဲ့ပါသေတးယ်။ နောက်ဆုံးမှာ ရဲအရာရှိ ၄ ဦးက သေနတ် ၁၀ ချက် ပစ်ခတ်ပြီး ကျွဲကို အသေဖမ်းဆီးခဲ့ရပါတယ်။ ဒဏ်ရာရတဲ့ လူတွေကို ဆေးရုံပို့ထားရပါတယ်။ ဒီ ကျွဲကြီး ဘယ်လို လွတ်သွားသလဲဆိုတာကို ရဲက စုံစမ်းနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up