A d v e r t i s e m e n t With Us

မြန်မာပြည်ဖွံ့ဖြိုးရေး အီးယူက ယူရိုသန်း ၂၅၀ နှစ်စဉ် ကူညီပေးမည်

ဓာတ်ပုံ - ရိုက်တာ
ဥရောပသမဂ္ဂ (အီးယူ)က မြန်မာနိုင်ငံကို ဖွံ့ဖြိုးရေးအကူအညီငွေ ယူရို သန်း ၂၅၀ နှစ်စဉ် ထောက်ပံ့ ကူညီပေးသွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အီးယူသံအမတ်ကြီး ရိုလန်ကိုဘီယာရဲ့ပြောကြားချက်ကို ကိုးကားပြီး တရုတ် ဆင်ဟွာသတင်းမှာ ဖော်ပြပါတယ်။ [caption id="attachment_71994" align="alignright" width="460"]ဓာတ်ပုံ - ရိုက်တာ ဓာတ်ပုံ - ရိုက်တာ[/caption] ၂၀၁၄ မှ ၂၀၁၆ ခုနှစ်အထိ ၃ နှစ်ကြာ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်အရ အမေရိကန်ဒေါ်လာ သန်း ၃၃၂ သန်းခွဲလောက်ညီမျှတဲ့ ယူရိုငွေတွေကို ကူညီပေးသွားမယ်လို့ နိုဝင်ဘာလ ၂၅ ၇က်နေ့က ကတိပြုပြောကြားခဲ့ကြောင်း သတင်းက ဆိုပါတယ်။ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ သိသာထင်ရှားတဲ့ တိုးတက် အောင်မြင်မှုတွေအပေါ် မူတည်ပြီး ငွေကြေးကူညီထောက်ပံ့မူတွေ ဆက်ပေးသွား မယ်လို့လည်း သံအမတ်ကြီးက ပြောပါတယ်။ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းကတော့ အီးယူရဲ့ နှစ်စဉ် အကူအညီငွေ တွေကို ငြိမ်းချမ်းရေးကြိုးပမ်းလုပ်ဆောင်မှု၊ လွှတ်တော်ရေးရာ၊ တရားဥပဒေစိုးမိုးရေး၊ ၂၀၁၅ ရွေးကောက်ပွဲ၊ တရားစီရင်ရေးရာနဲ့ သန်းခေါင်းစာရင်းကောက်တဲ့ စီမံကိန်းတွေမှာ အသုံးပြုသွားမယ်လို့ ပြောပါတယ်။ ကျန်တဲ့ငွေတွေကိုတော့ ကျေးလက်ဖွံ့ဖြိုးရေး၊ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးဖွံ့ဖြိုးမှု၊ လူ့အခွင့်အရေး၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကိစ္စတွေမှာ သုံးသွားမယ်လို့လည်း ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up