နိုဝင်ဘာ ၂၅ ရက်နေ့က ယှဉ်ပြိုင်သွားတဲ့ အာစီယံ ဆူဇူကီးဖလား အုပ်စု (အေ) ပွဲစဉ်မှာ ဖိလစ်ပိုင်က ၄ ဂိုးပြတ်နဲ့ အင်ဒိုနီးရှားကို အနိုင်ယူပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်သွားပါတယ်။

ဦးဆောင်ဂိုးကို တဖက်လူရဲ့ ဖျက်ထုတ်မှုကြောင့် ပင်နယ်တီကနေ သွင်းယူပါတယ်။ ဒုတိယဂိုးကို အဝေးကစ်ကနေ သွင်းယူတာ ဖြစ်ပါတယ်။ ဖိလစ်ပိုင်က ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ပွဲကို ထိမ်းချုပ် ကစားသွားပြီး တတိယဂိုးကို ပင်နယ်တီ ဧရိယာအတွင်းမှာ ရတဲ့ ဖရီးကစ်ကနေ သွင်းယူပါတယ်။ နောက်ဆုံး အပိတ်ဂိုးကို မိနစ် ၈၀ လောက်မှာ ထပ်ဆင့် သွင်းယူပြီး အနိုင်ရသွားတာပါ။
ဖိလစ်ပိုင်အသင်းဟာ အုပ်စု အဖွင့်ပွဲမှာတုန်းက လာအိုကို ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရထားပါတယ်။ အုပ်စု ပွဲစဉ် ၂ ပွဲဆက်တိုက် အနိုင်ရတာကြောင့် ဖိလစ်ပိုင်ဟာ လက်ကျန်ပွဲ ၁ ပွဲ ကျန်ပေမယ့်လည်း ၆ မှတ် ရပြီး ဆီမီးကို တက်ရောက်သွားတာပါ။
ဗီယက်နမ်က ၄ မှတ်နဲ့ ဒုတိယနေရာမှာ ရှိနေပြီး အင်ဒိုနီးရှားက ၁ မှတ်နဲ့ တတိယ၊ လာအိုက ရမှတ် မရှိသေးဘဲ အမှတ်ပေးဇယားရဲ့ အောက်ဆုံးမှာ ရပ်တည်နေပါတယ်။ အုပ်စု (ဘီ)မှာ
, ပါဝင်နေတဲ့ မြန်မာအသင်းက အိမ်ရှင် စင်ကာပူနဲ့ ဒီကနေ့မှာ ဆီမီးဖိုင်နယ်ကို တက်ရေးအတွက် အဆုံးအဖြတ် ပွဲစဉ်ကို ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။