ယမန်နေ့ည ချန်ပီယံလိဂ်ပွဲစဉ် ရလဒ်များ

1.3K
အင်္ဂါနေ့ညက ချန်ပီယံလိဂ် ပွဲစဉ်မှာ မန်စီးတီးက ဘိုင်ယန်မြူးနစ်ကို ၃ ဂိုး ၂ဂိုးနဲ့ အနိုင်ရ သွားလို့ အုပ်စုကနေ တက်ရေး မျှော်လင့်ချက်တွေ ရှင်သန်သွားပါတယ်။ မန်စီးတီး အတွက် အနိုင်ဂိုး ၃ ဂိုးစလုံးကို တိုက်စစ်မှူး အက်ဂွာရိုက သွင်းယူပြီး ဒီပွဲမှာ ဟက်ထရစ် ရ သွားပါတယ်။
အုပ်စုတွင်းမှာ ရိုးမားနဲ့ (CSKA)စီအက်စ်ကေအေ မော်စကိုအသင်းတို့ တဂိုးစီ သရေကျ သွားလို့ စီးတီးရဲ့ အုပ်စုကနေ လွတ်မြောက်ရေး မျှော်လင့်ချက်တွေ ရှင်သန်သွားတာ ဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်ဟာ ဒီပွဲမှာ အသင်းခေါင်းဆောင် ဖိလစ် လန်း အပါအ၀င် အဓိက ကစားသမားတချို့ မပါဘဲနဲ့ယှဉ်ပြိုင်သွားတာပါ။
လောလောဆယ် အုပ်စု (အီး)မှာ ဘိုင်ယန်မြူးနစ်က ၁၂ မှတ်နဲ့ ဦးဆောင်နေပြီး ရိုးမား၊ စီအက်ကေအေနဲ့ မန်စီးတီးတို့က ၅ မှတ်စီ အသီးသီး ရရှိထားပါတယ်။ စီးတီးဟာ အုပ်စု နောက်ဆုံး ပွဲစဉ်မှာ ရိုးမားကို အနိုင်ရရင် နာက်တဆင့်အတွက် မျှော်လင့်နိုင်မှာ ဖြစ်ပါတယ်။
အုပ်စု (အက်ဖ်)မှာတော့ ဘာစီလိုနာနဲ့(PSG) ပီအက်စ်ဂျီတို့ အနိုင်ရပြီး နောက်တဆင့်ကို တက်ရောက်သွားပါတယ်။ အုပ်စု (ဂျီ)မှာလည်း ချဲလ်ဆီးက ရှောကဲကို ၅ ဂိုးပြတ်နဲ့နိုင်ပြီး ရှုံးထွက်အဆင့်ကို တက်လှမ်းသွားပါတယ်။