A d v e r t i s e m e n t With Us

အမေရိကန်နိုင်ငံ ဖာဂူဆန် မြို့တွင် မငြိမ်သက်မှုများ တကျော့ပြန် ပေါ်ပေါက်

ဓာတ်ပုံ - ရိုက်တာ
အမေရိကန် ပြည်ထောင်စု မစ်ဇူရီ ပြည်နယ်က ဖာဂူဆန် မြို့ငယ်မှာ အဆောက်အဦ အနည်းဆုံး ၁၂ လုံး နိုဝင်ဘာလ ၂၅ ရက်နေ့မှာ မီးလောင်ကျွမ်းနေပါတယ်။ [caption id="attachment_71975" align="alignright" width="416"]ဓာတ်ပုံ - ရိုက်တာ ဓာတ်ပုံ - ရိုက်တာ[/caption] သြဂုတ်လတုန်းက လူမည်းဆယ်ကျော်သက် မိုက်ကယ်ဘရောင်းကို လူဖြူရဲက သေနတ်နဲ့ ပစ်သတ်တဲ့ ကိစ္စဟာ ရာဇ၀တ်မှုဆိုင်ရာ ခုံရုံးတင်ဖို့ မလိုအပ်ဘူးလို့ ဂျူရီ လူကြီးအဖွဲ့က ဆုံးဖြတ်လိုက်တာကို မကျေနပ်တဲ့အတွက် မငြိမ်သက်မှုတွေ တကျော့ပြန် ပေါ်ပေါက်နေတာပါ။ စိန့်လူဝစ်နယ်မြေ ရဲအဖွဲ့အကြီးအကဲ ဂျွန်မာက သေနတ်သံ အချက် ၁၅၀ လောက် ကြားရတယ်လို့ ပြောပါတယ်။ လုယက်မှုတွေ မီးရှို့မှုတွေ။ ဆန္ဒပြသမားတွေနဲ့ ရဲအဖွဲ့တို့ ထိပ်တိုက်တွေ့မှုတွေဖြစ်ပြီး အနည်းဆုံး လူ ၂၉ ယောက်လည်း အဖမ်းခံလိုက်ရတယ်လို့ ပြောပါတယ်။ ဒဏ်ရာပြင်းပြင်းထန်ထန်ရတဲ့သတင်းတွေ မကြားရသေးပေမယ့် နိုဝင်ဘာလ ၂၄ ရက်နေ့ ညနဲ့ နိုဝင်ဘာလ ၂၅ ရက်နေ့ မနက်ပိုင်း ၀ရုန်းသုန်းကား အခြေအနေဟာ အရင်က ဖြစ်ခဲ့တဲ့ မငြိမ်သက်မှုတွေထက် အများကြီးဆိုးတယ်လို့ ပြောပါတယ်။ လူဖြူရဲအရာရှိ ဒါရန်ဝီလဆင်က လက်နက်မပါတဲ့ အသက် ၁၈ နှစ်အရွယ် မိုက်ကယ်ဘရောင်းကို သြဂုတ်လက သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့ ကိစ္စဟာ အမေရိကန်မှာ လူဖြူလူမည်း ခွဲခြားမှုကို မီးမောင်းထိုးပြစရာ ဖြစ်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up